အပိုင်း (40)

1.4K 294 0
                                    

(40) အနက်ရောင် နဂါးလေး 2

နျင်းချု က ကုသဆေး တစ်ခုကို ဝယ်ကာ ဂိမ်းကို ပြန်ပိတ်လိုက်လေတယ်။ ပြီးတော့ သားရဲဥယာဥ် ရဲ့ ဝင်ပေါက် ကနေ တစ်စုံတစ်ယောက် က စိုက်ကြည့် နေတယ်လို့ ခံစားရလေတယ်။

ထိုနေရာမှာ ဘယ်သူမှ မရှိတာကြောင့် နျင်းချု လည်း ဂရုမစိုက် နေတော့ပေ။ တိမ်တိုက်ပျံသန်း နဂါးဆီကို ပစ်ပေး လိုက်ပြီးတော့ ထရပ်ကာ ထွက်သွားတော့လေတယ်။

သူလည်း ထွက်သွားပြီးမှသာ ဝူးယူး က အရိပ်ထဲ ကနေ ပေါ်လာခဲ့လေတယ်။

သူက နျင်းချု နောက်ကို ထပ်ပြီးတော့ မလိုက်တော့ပေ။ ဒါပေမယ့် လှောင်အိမ်နား ​ကို သွားလိုက်လေတယ်။ သူက အစတုံး က တစ်ခုခု ကို ခန့်မှန်း မိပေမယ့် အခု လှောင်အိမ်ထဲမှာ ရှိနေတာ က တကယ့်ကို နဂါးအစစ် တစ်ကောင်ပဲ ဖြစ်လေတယ်။

အဲ့နဂါး က ပြင်းထန်စွာ ဒဏ်ရာ ရထားပြီးတော့ အခုတော့ အတော်လေး ကို ပြန်သက်သာ နေခဲ့ ပါပြီ။ ပြီးတော့ နျင်းချု က သူ့ကို အစာကျွေးနေသေးတယ်။

တိမ်တိုက်ပျံသန်း နဂါးက ဝူးယူး ကို တွေ့တော့ အရှေ့ကို တိုးလာကာ ခေါင်းရော ကိုယ်ပါ နှိမ့်ချ အရိုအသေ ပေးလိုက်ပြီးတော့ အင်အားကြီးမြတ်တဲ့ သူကို အရိုအသေ ပြုတဲ့ ကိုယ်ဟန်ထား ရှိနေလေတယ်။

ဝူးယူးရဲ့ မျက်လုံးတွေက နီရဲလာကာ သူ့ရဲ့ ညာလက်ကို ဆန့်ထုတ်ပြီး လှောင်အိမ်ထဲ ထည့်ကာ ထိုနဂါးရဲ့ နဖူးကို ထိလိုက်တယ်။ ပြီးတော့ အဲ့တာရဲ့ မှတ်ဉာဏ်ကို ဖတ်လိုက်တယ်။

အဲ့တာက ဒီနေရာကို လူသား တစ်ယောက် ကြောင့် အရမ်းကို ဆိုးဆိုးဝါးဝါး ဒဏ်ရာ ရပြီးတော့ ရောက်လာကာ သေလုနီးပါး ဖြစ်ခဲ့လေတယ်။

......နောက်တော့ သူက မီးတောက်နီ နဂါး ကို တွေ့ခဲ့တယ်။

မီးတောက်နီ နဂါး က လူသားတစ်ယောက် နဲ့ အတူပါလာတာ ဖြစ်ပြီး ထိုလူသားက အစောလေး တင် က ထွက် သွားခဲ့တာပဲ ဖြစ်လေတယ်။

ဝူးယူး က သူ့ရဲ့ လက်ကို ဖယ်လိုက်ပြီးတော့ သူ့မျက်လုံးထဲမှာ စိတ်ရှုပ်တဲ့ အရိပ်ယောင်တွေ ဖြတ်ပြေး သွားလေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now