အပိုင်း (9)

1.6K 333 1
                                    

(9) ငွေဖြည့်သွင်းခြင်း (၄)

သူက လှည့်ပြီးတော့ ချက်ချင်းပဲ ထွက်ပြေးဖို့ လုပ်လိုက်တယ်။ ဒါပေမယ့် သူဟာ အနီရောင် မီးတောက် နဂါးရဲ့ မြင်ကွင်းထဲကို ဝင်မိလျက်သား ဖြစ်နေလေတယ်။

ထူထပ် သိပ်သည်းနေတဲ့ သစ်တောတွေက အနီရောင်မီးတောက် နဂါးကို မရပ်တန့် ထားနိုင်ခဲ့ပေ။ ပြီးတော့ သူ့ရဲ့ အမှီး တစ်ချက် ဝေ့လိုက်တာနဲ့ သစ်ပင်ကြီး တစ်ပင် က ကျိူးကျ ပြိုလဲ သွားတော့တယ်။

သူက မီးနဲ့ တိုက်ခိုက်မှုတော့ မလုပ်ခဲ့ပေ။ ဒါပေမယ့် ဒီလောက် သန်မာတဲ့ အားကြီးနဲ့ ရင်ဆိုင် ရတဲ့ အချိန်မှာတော့ ထိုအဖွဲ့ ကို တစ်ဖက်သပ် ဖိနှိပ်ထား လို့တောင် ရနေပြီ ပဲ ဖြစ်လေတယ်။ 

အခုချိန်နဲ့ နှိုင်းယှဥ် ကြည့်တယ် ဆိုရင် မနေ့က အဖြစ်အပျက်က ထိုနဂါးဟာ သူတို့ နဲ့ ကစားနေတယ်လို့ ယူဆ လို့တောင် ရလေတယ်။

အဖွဲ့ထဲကလူ ဒါဇင်ကျော်လောက်က တစ်ချို့ဆို သေကုန်ကြကာ တစ်ချို့ ကတော့ အချိန်တို အတွင်းမှာ ဒဏ်ရာတွေ ထပ်ဖြစ် လာခဲ့တယ်။ ဒါကြောင့် ဘယ်လေ က လူတိုင်းကို လူစုခွဲ ခိုင်းလိုက်ကာ ထွက်ပြေး စေခဲ့လေတယ်။ ဒီလိုမှသာ ပြေးလို့ ရတော့မှာ ပဲ ဖြစ်လေတယ်။

သူက အသံကို ကျယ်လောင်စွာ ပြုပြီးတော့ ထိုအဖွဲ့ရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ မီးတောက် နဂါးရဲ့ အာရုံကို သူ့ဆီ ရောက်အောင် ဆွဲဆောင်ခဲ့လေတယ်။

အနီရောင်နဂါးက မျက်လုံးကို ပါးပါးလေး ကျုံ့ကာ ဘယ်လေ ရဲ့ ရှိရာအရပ်ဆီကို ပြေးသွားကာ တိုက်ခိုက် ခဲ့လေတယ်။ ဘယ်လေ က ချက်ချင်းပဲ ခုခံလိုက်လေတယ်။ သူက နဂါးကို တိုက်ဖို့လောက် တဲ့ထိ မသန်မာတဲ့ အပြင် ဒဏ်ရာတွေ ရနေတာ ကိုတော့ ပြောနေစရာ ကို မလိုပါချေ။

သူက နဂါးခြေသည်းကြောင့် အဝေးကို ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာ သွားရပြီးတော့ လည်ပင်း ထဲကနေ သွေးတွေ ဆန်တက်လာခဲ့တယ်။ ပြီးတော့ မြေပေါ်ကို လဲကျသွကာ သွေးအန်ထွက်ကုန်တယ်။

အဖွဲ့ထဲက လူတွေက သေတဲ့လူကသေ ဒဏ်ရာရတဲ့ သူက ဒဏ်ရာရနေပြီးတော့ အဖွဲ့ထဲမှာ သူအလေးစား ရဆုံးဖြစ်တဲ့ ခေါင်းဆောင် ဘယ်လေ က နဂါးရဲ့ ခြေသည်းတွေ အောက်မှာ သေလုနီးပါး ဖြစ်နေလေတော့ နျင်းချု က ရှင်းရှင်း လင်းလင်း ကိုပဲ အော်လိုက်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now