အပိုင်း (60)

787 153 2
                                    

(60) အစာကျွေးခြင်း ၂

သူက ဝူးယူး ကို ပစ်ပစ်ခါခါ ငြင်းလိုက်လို့ မရပါပေ။ ပြီးတော့ ဒီ လူက အတော်လေး ကို ထူးဆန်း ပေမယ့် နျင်းချု က သူ့ဆီ ကနေ ဘာမှ ဆိုးယုတ်တဲ့ ရည်ရွယ်ချက် ကို မခံစား မိခဲ့ပါပေ။

ဖြစ်နိုင်တာ က.......... ထိုအမျိုးသား က လူတွေနဲ့ ကောင်းကောင်း မဆက်သွယ် နိုင်တဲ့ သူ ဖြစ်နေတာ များလား?

နျင်းချု က တိမ်တိုက် ပျံသန်း နဂါး ကို လွှတ်ပေးဖို့ သင့်တော်တဲ့ နေရာကို ရှာဖွေ ရအုံးမှာ ပဲ ဖြစ်လေတယ်။ ပြီးတော့ သူက အပြင်လူ တွေကို ဒီအကြောင်း ကိုလည်း မသိစေချင် ပါပေ။ ဒါကြောင့်မို့ သူက လုံးဝကို  ဝူးယူး နဲ့ အတူ ဒီနေ့မှာ ပူးပေါင်း ပြီး မသွားချင်တာ ပဲ ဖြစ်လေတယ်။

ထိုနေရာမှ ဝင်ထွက် သွားလာ နေတဲ့ ကျောင်းသား နှစ်ယောက် သုံးယောက် က ဝူးယူး ကို မှတ်မိ သွားပြီးတော့ သူတို့က ကြည့်လာ ခဲ့ကြ လေတယ်။ ဒါကြောင့် နျင်းချု က သူ့ရဲ့ မျက်နှာ ကို အသာလေး အုပ်ကာ ဝူးယူး ကို တောင်းတောင် ပန်ပန် နဲ့ ပြုံးပြ လိုက်တယ်။

'' တကယ်လို့ ဘာမှ မရှိတော့ရင် ငါ အရင်ဆုံး သွားတော့ မယ်နော် ''

သူက အရှေ့ကို နှစ်လှမ်း လျောက်လိုက်ကာ ရပ်လိုက်ပြီးတော့ သူ့နဲ့ နီးကပ်နေတဲ့ လူကို လှည့်ကာ ပြောလိုက်တယ်။

'' ဒါနဲ့လေ.......  ''

ဝူးယူး ရဲ့ မျက်လုံးလေး တွေက အရောင်တောက် သွား ပေမယ့် နောက်တော့ နျင်းချု က သူ့ရဲ့ ခေါင်းကို ငုံ့ကာ သူ့ရဲ့ အိတ်ထဲ ကနေ  ကျောင်းဝတ်စုံ တစ်ခုကို ထုတ်ပေး လိုက်တယ်။

'' ငါ က မင်းရဲ့ အဝတ်အကြောင်း ကို မေ့လုနီးပါး ဖြစ်တော့ မလို့ ''

ဝူးယူး က လက်ကို ဆန့်ထုတ်ကာ သူ့ရဲ့ အဝတ်အစား ကို လှမ်း ယူလိုက် လေတယ်။ ပြီးတော့ နျင်းချု က သူ့ကို လုံးဝ ပြန်တောင် လှည့် မကြည့်ပဲနဲ့ ထွက်သွား တော့တယ်။

ဝူးယူး က တိတ်တိတ်လေး ရပ်နေပြီးတော့ နျင်းချု ရဲ့ နောက်ကျောကို ကြည့်နေခဲ့တယ်။ အဲ့အချိန်မှာ အောင်းဝ်ဝူ လေး ကလည်း ခေါင်းလေးကို ထုတ်ကာ အသာလေး ခိုးကြည့် လာခဲ့တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now