အပိုင်း (11)

1.8K 319 5
                                    

(11) စုဝေးစျေးတန်း (၁)

နျင်းချူ က အောက်ကို ငုံ့ထား ပြီးတော့ သူ့ရဲ့ နှဖူးကို ကိုင်ထားလေတယ်။ ဒါကြောင့် ဘယ်လေ က သ်ိချင် သွားလေတယ်။

'' ဘာဖြစ်တာလဲ?  မင်း နေမကောင်း သလိုခံစား နေရတာ လား? ''

''မဟုတ်ပါဘူး ''

နျင်းချူ က သူ့ဘာသာ သူ အကောင်းဆုံး စိတ်တည်ငြိမ်အောင် ကြိုးစား လိုက်ပြီးတော့ သူ့ခေါင်းကို ခါပြလိုက်တယ်။

'' ကျွန်တော် အဆင်ပြေ ပါတယ် ''

အောင်းဝ်ဝူလေး သေသွားတာ က လွဲ ရင် တစ်ခြား နဂါးတွေနဲ့ အောင်းပေါင်ပေါင်း လေးတို့ ရဲ့ တည်နေရာ က အခု ထိ ' မသိ ' လို့ ပေါ်နေဆဲပဲ ဖြစ်တယ်။ သူတို့တွေက နဂါးကျွန်းမှာ မဟုတ်ဘူး နဲ့ တူပါတယ်။

ဒီနေရာမှာ သာမန်နဂါးမျိုးစိတ် အတော်များများ ရှိနေတယ် ဆိုပေမယ့် အကုန်လုံးက အကောင်ပျို တွေပဲရှိနေကြသေးတယ်။ သူတို့ရဲ့ အသက်အရွယ်ကို ကြည့်ခြင်းအားဖြင့် ထိုကောင်တွေက နျင်းချူ ပျိူးထောင်ခဲ့တဲ့ ပထမ အသုတ်ထဲက ကောင်တွေ မဟုတ်မှန်း သိသာလေတယ်။

မော်လ် က အခု ချိန်ထိ သော့မပွင့်သေးပေ။ ဒါကြောင့် ကျွန်းပေါ်ကို အထောက်အကူပစ္စည်းတွေ ဝယ်ပြီး ချပေးဖို့ နျင်းချူ အတွက် နည်းလမ်း မရှိပါပေ။ သူ့ကို နှစ်သိမ့်ပေး နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ သူ့ရဲ့ နဂါးကလေးတွေဟာ ကောင်းမွန်တဲ့ အခြေအနေ မှာ တည်ရှိပြီးတော့ သာမန်အကျင့်စရိုက်အတိုင်း ရှိနေကြတာ ကိုပဲ ဖြစ်လေတယ်။

အောင်းဝ် စန်း လေး အတွက်ကတော့...... ။

' အနားမယူရသေး ' ဆိုတာ က သူ့ရဲ့ စိတ်အခြေအနေ မကောင်းတာ ကို ပြချင်တာ လဲ ဖြစ်နိုင်သလို ဒါမှမဟုတ် တစ်ခုခု ရဲ့ လွှမ်းမိုးမှု ရဲ့အောက်မှာ ရောက်နေတာ ကြောင့်လဲ ဖြစ်နိုင်လေတယ်။

အောင်းဝ်စန်စ ထွက်သွားပြီး မတိုင်ခင် အချိန်တွေကို သူ ပြန်ပြီး စဥ်းစား ကြည့်လေတယ်။ အဲ့တာက သူ့ကြောင့် စိတ်ပင်ပန်း သွားတာ တော့ မဟုတ်လောက် ပါဘူးနော်။

တကယ်လို့ သူတို့ ထပ်ပြီး ကွဲသွားအုံးမယ် ဆိုရင် ဘယ်အချိန်မှ သူ့ရဲ့ စန်းစန်း လေးကို ပြန်တွေ့ နိုင်မလဲ ဆိုတာ သူတကယ် မသိတော့ပေ။ ကျောင်းကို ပြန်ရောက်တဲ့ အခါကျရင်တော့ သူက အနည်းဆုံး ဘယ်လို အခြေအနေ မျိူးကို ရောက်နေတာလဲ ဆိုတာ သိရအောင် ရှင်းလင်း ရမှာ ဖြစ်ပြီးတော့ သူ့ရဲ့ ကိုယ်ရေး အချက်အလတ် အသစ်က ဘယ်ဟာတွေ လဲ ဆိုတာ အမြန်ဆုံး တက်နိုင်သမျှ နေသားတကျ ဖြစ်အောင် လုပ်ဖို့ လိုအပ်လေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now