အပိုင်း (70)

587 109 2
                                    

(70) အကြောက်တရား ၃

နျင်းချု က အမြန်ပဲ နဂါးပေါင်းချုပ် ဒေတာ ကဒ်ကို ဖွင့်ကြည့် ပြီးတဲ့ နောက် တစ်ခဏ မှာတော့ သူက ထို နဂါးတွေရဲ့ မျိုးစိတ် တွေကို သိလာခဲ့လေတယ်။

သူတို့က အစိမ်းရောင် လစ်ဆာ နဂါးတွေ ဖြစ်ကာ သူတို့က အစုံစား အမျိုးအစား ပဲ ဖြစ်လေတယ်။ သူတို့က သေးငယ်ပေမယ့် ပျော့ပျောင်းပြီး ပေါက်ကွဲ နိုင်စွမ်း ရှိကာ အုပ်စု လိုက် အတူတူ နေကြတာ ကို ပိုပြီးတော့ နှစ်သက် လေတယ်။ တစ်ခါတစ်လေ ဆို သူတို့ အုပ်စု ထဲက အကောင်ရေ က ၁၀ ကောင် ထက်တောင် ကျော်လေ့ ရှိတယ်။

သူတို့ရဲ့ အခုလက်ရှိ အခြေအနေ ကို ကြည့် ခြင်းအားဖြင့် နဂါးအသိုက်ထဲမှာ ဥမပေါက်သေးတဲ့ နဂါးလေးတွေ ရှိနေတယ် ဆိုတာ သေချာ လေတယ်။

နဂါးဥတွေ ဆိုရင်တော့ အဝေးကို  ယူဆောင်ရတာ လွယ်ကူလေတယ်။ ဒါပေမယ်လ နဂါးဥတွေကို နဂါး တွေက ဘယ်လို ယူသွား ရမလဲ ဆိုတဲ့ နည်းလမ်း တစ်ခု ကို နျင်းချု ရှာဖို့ လိုအပ်လေတယ်။ ပြီးတော့ ဥတွေကို နဂါးတွေနဲ့ အတူ တကွ ယူသွား စေပြီးတော့ လှုပ်ရှားမှု မသက်ရောက်စေဖို့ ဥတွေကို ငြိမ်အောင် ထားဖို့လည်း လိုအပ် ပါသေးတယ်။

နျင်းချု နဲ့ ဝူးယူး က သူတို့ရဲ့ အသိုက်နား ကို တဖြေးဖြေး ချဥ်းကပ် လာပြီးတော့ နျင်းချု က အသံကို နိမ့်ကာ ပြောလိုက်တယ်။

'' ဘာလို့ မင်း က ငါ့ကို မမေး ရတာလဲ?''

ဝူးယူး က သူ့ရဲ့ ခေါင်းကို ဘေးစောင်း လိုက်ကာ သူ့မျက်လုံးတွေ ကတော့ ' ဘာမေး ရမှာလဲ ' လို့ ပြောချင် နေဟန် ပေါ်လေတယ်။

နျင်းချု က တစ်ခဏ တံတွေး သီးသွား ပြီးတော့ ခေါင်းစဥ်ကို ပြောင်းလဲ လိုက်တယ်။

'' မင်း ဒီနဂါးတွေကို နှောင့်ယှက်ဖို့ နည်းလမ်း တစ်ခု ရှိသလား။ ငါက နဂါးဥ တွေဆီကို သွားလိုက်မယ် ''

အမှန်တော့ ဝူးယူး ကသာ ရိုးရှင်းတဲ့ အမိန့် တစ်ခု ဖော်ထုတ် လိုက်တာ နဲ့ နဂါးတွေက ထွက်သွား မှာပဲ ဖြစ်လေတယ်။

သူက နျင်းချု ဘာလိုချင် မှန်း မသိတဲ့ အတွက်ကြောင့် ခေါင်းငြိမ့် မပြခင် တစ်ခဏ တုံ့ဆိုင်း နေခဲ့တယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now