အပိုင်း (35)

1.3K 274 5
                                    

(35) စာချုပ် ၄

စင်မြင့်မှာ သူနောက်ဆုံး တစ်ခေါက် က လာခဲ့သလိုမျိုး လူတွေ ပြည့်နှက် နေခဲ့လေတယ်။ ဒါပေမယ့် သူက ပွဲကြည့် ပရိတ်သတ် တော့ မဟုတ်ခဲ့ပါပေ။ သူက မျက်နှာဖုံး ဝတ်ပြီးတော့ ပေါ်လာတဲ့ တစ်ခဏ မှာပဲ သူ့နောက် က စင်မြင့် ပေါ်က လူတွေရဲ့ ဆူညံ သံတွေက တစ်ခဏ တိတ်ဆိတ်သွားပေမယ့် ဆူညံသံတွေက ပိုပြီးတော့ ပြန်ကျယ်လာခဲ့တယ်။

'' အဲ့တာ က အသစ် ဝင်လာတဲ့ သူလား။ သူက ဘာလို့ သူ့မျက်နှာကို ကာထား ရတာလဲ ''

'' အဲ့တာက သူရှုံးလို့ရှိရင် အရှက်ရ မှာစိုးလို့ ဖုံးထားတာ ဖြစ်နိုင်မလား? ''

တစ်စုံတစ်ယောက် က ပြုံးကာ ပြောလိုက်လေတယ်။

'' ဒါမှမဟုတ် သူက အရမ်း ရုပ်ဆိုး နေလို့များလား? ''

'' ဂိုရန် က နိုင်လိမ့်မယ်!ဂိုရန် က နိုင်လိမ့်မယ်! ''

နျင်းချုက သူ့စိတ်ကို အသင့်ပြင်ပြီးတဲ့နောက် သူ့နဲ့ မျက်နှာချင်းဆိုင် နေရာကို တစ်ချက်ကြည့်လိုက်တယ်။ အဲ့နေရာမှာ ဂိုရန် က ဒုတိယနှစ်ကို ကိုယ်စားပြုတဲ့ အပြာရောင် ဝတ်စုံကို ဝတ်ထားပြီး လက်ကို ​မြောက်ကာ သူ့ရဲ့ စာချုပ်သားရဲကို ဆင့်ခေါ်လိုက်တယ် ။ ဂိုရန်ရဲ့ စာချုပ်သားရဲက ကျားဖြစ်ပြီး သူ့ရဲ့နဖူးမှာ ဂျိုပါလေတယ်။

ထိုအချိန်မှာပဲ လူအုပ်ကြီး က ပိုပြီးတော့ တက်ကြွလာပြီးတော့ နျင်းချု ကို အာရုံစိုက် လာကြလေတယ်။

ဒါပေမယ့် နျင်းချု က ဘာမှ မလုပ်ခဲ့ပေ။ သူ့မှာ စာချုပ်သားရဲတောင် မထုတ်ခဲ့ပေ။

'' သူက အရမ်းကို ရဲတင်း လွန်းနေတာပဲ.....''

'' ငါကတော့ ဒီနေ့ ပိုက်ဆံတွေ အများကြီး ပြန်ရဖို့ မျှော်လင့်နေပြီဟေး!ဂိုရန် နိုင်ပါစေ! ''

ပြိုင်ကွင်း တစ်ခွင်က လူတွေဟာ နျင်းချုရဲ့ အဆုံးသတ်ကို ကြိုသိနေတဲ့ အလား '' ဘူးးး '' လို့ လုပ်နေကြလေတယ်။ သူတို့ နှစ်ယောက် က အရှေ့ကို တိုးလာကြပြီးတော့ အချင်းချင်း လက်ဆွဲနှုတ်ဆက် လိုက်ပြီးတော့ အလေးပြုလိုက်ကြတယ်။

ဂိုရန် က သူ့ကို အထင်သေးစွာ ကြည့်နေခဲ့တယ်။ ဂိုရန်က နျင်းချုဟာ သူ့ကို စိန်လာခေါ်တာက အတော့်ကို မသိတက်တာပဲလို တွေးမိလေတယ်။

နဂါးလေးတွေကိုပျိုးထောင်မယ်![Tran]Where stories live. Discover now