အပိုင်း (1.1)

8.3K 790 16
                                    

(1.1)

စုယွမ် တစ်ယောက် လွဲရမ်းနေရာမှ နိုးထလာတဲ့ အခါ သူ့ရဲ့ မျက်လုံးကို ဖမ်းစား သွားနိုင်တဲ့ ပထမဆုံး အရာကတော့ သွေးလိုမျိုး ထူထဲတောက်ပတဲ့ အနီရောင်တစ်ခု ပဲ ဖြစ်လေတယ်။

သူက အဲ့တာကို ဆွဲဖြဲလိုက်ကာ ဘာလဲဆိုတာကို သေချာ ကြည့်ဖို့ အတွက် လက်ထဲကို ထည့်လိုက်တယ်။

ဒါကြီးက သတို့သမီး ခေါင်းဆောင်း နဲ့ တူမနေဘူးလား?

အဲ့လိုပြောမှပဲ သူအခု ထိုင်နေတဲ့ နေရာက ယမ်းနေကာ ကျဥ်းမြောင်း နေတော့ အဲ့တာက သတို့သမီး မင်္ဂလာ ဝေါယာဥ် နဲ့ မတူပေဘူးလား?

သူ့ရဲ့ အတွေးတွေကြောင့် သူတောင် ပြန်အံ့သြ သွားလေတယ်။ သူက အမြန်ပဲ သူ့ရှေ့က လိုက်ကာကို ဖွင့်လိုက်ကာ သူ့ရဲ့ မျက်လုံး က အရမ်းကို ထူးဆန်းနေတာ တွေ့လိုက်ရတယ်......  ။

အဲ့တာက ညသန်းခေါင် ဖြစ်ပုံရတယ်။ ပြီးတော့ အဲ့တာရဲ့ ဘေးပတ်ပတ်လည်မှာ သစ်ရွက်ခြောက်တွေ လေတိုက်လို့ တရှဲရှဲ မြည်နေပြီးတော့ ထိုဟာက မြေပြင်ပေါ်မှာ တရွတ်တိုက် ဆွဲနေတဲ့ အသံကြီး နဲ့ မတူဘူးလား?

မင်္ဂလာ ဝေါယာဥ်ရဲ့ အရှေ့မှာ အနီရောင် ဝတ်ထားတဲ့ လူတန်း နှစ်ခု ရှိပြီးတော့ သူတို့ရဲ့ လက်ထဲမှာ အနီရောင် မီးအိမ်တွေ ကိုင်ထားကာ အမှောင်ထဲမှာ မီးအိမ်အားကိုးပြီး  လမ်းလျောက် နေခဲ့လေတယ်။

ခဏလေး နေပါအုံး ကြည့်ရတာ တစ်စုံတစ်ခု တော့မှား နေသလိုပဲ.......။

​​ခြေရာတွေ မရှိဘူး!

စုယွမ် က တုန်ရီစွာနဲ့ အောက်ကို ငုံ့ကြည့်လိုက်တယ်။ အဲ့နေရာ မှာ အမြှီးတွေ ရှိပြီးတော့ မြေပြင်ပေါ် ကို တရွတ်တိုက် ဆွဲနေကြလေတယ်။

ဟီးဟီး .....။

သူက မြေပေါ် တရွတ်တိုက် ဆွဲတဲ့ အသံကြား ရတာ မထူးဆန်း တော့ပါဘူးလေ။ ခြေထောက်အစား အမြီးနဲ့ လမ်းလျောက် ကြတာကိုး ။

အဲ့တာကို စုယွမ် တွေးကြည့် ပြီးတဲ့နောက် သူက လိုက်ကာကို အမြန်ပဲ ချလိုက်ကာ ဝေါယာဥ်ထဲမှာ ပြန်ပုန်းလိုက်ပြီးတော့ လက်ဖဝါး ထဲမှာ ချွေးတွေနဲ့ ပြည့်နေခဲ့လေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now