အပိုင်း (22.2)

1.7K 274 1
                                    

(22. 2)

စုယွမ် က မြွေကလန် ထဲကို လူတွေ ခေါ်သွားတာ ခံလိုက် ရပြီးတော့ သူဟာ အဓိက ဟောခန်းမ ရဲ့ တံခါး ရှေ့ကို ရောက်သွား ခဲ့လေတယ်။

'' မင်း ဒီမှာ စောင့်နေ။ ငါသွားပြီးတော့ ကာကွယ်သူ စီးထူယန် ကို သွားပြီးတော့ သတင်းပို့လိုက် အုံးမယ် ''

စုယွမ် က နာခံ စွာနဲ့ ခေါင်းလေး ကိုငုံ့ကာ စောင့်ဆိုင်း နေခဲ့တယ်။

ထိုလူ ကတော့ အထဲကို ဝင်သွား ပြီးတော့ သတင်း သွားပို့နေခဲ့ လေတယ်။

နာရီဝက်လောက် ကြာတဲ့ အချိန်မှာတော့ စုယွမ် အရမ်းကို ပျင်းရိ လာတဲ့ အချိန်မှသာ နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ထွက်လာ ခဲ့လေတယ်။

'' ငါနဲ့ လိုက်ခဲ့ပါ ''

စုယွမ် က အထဲကို လိုက်ဝင် သွားလေတယ်။

စုယွမ်လည်း အထဲကို ဝင်ရောက် ပြီးတဲ့ အချိန်မှာတော့ သူ ရင်းနှီး နေတဲ့ မျက်နှာ နှစ်ခုကို တွေ့လိုက်  ရလေတယ်။

တစ်ယောက် ကတော့ သေချာပေါက် ကာကွယ်သူ စီးထူယန် ဖြစ်ပြီးတော့ နောက်တစ်​ယောက် ကတော့ မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ ရွှီးဟယ်ပဲ  ဖြစ်လေတယ်။

စီးထူယန် က အရင် ကထက် ပိုပြီးတော့ စိတ်ကြီး ဝင်လာကာ ပြီးတော့လည်း ကိုယ်ကျင့် သိက္ခာ လျော့ကျ လာခဲ့လာ လေတယ်။ ပြီးတော့ မရပ်တန့်နိုင်တဲ့ အရှိန်အဟုန် နဲ့ ဆက်လက် လှုပ်ရှား နေ သလို ပါပဲ။

သူက မူလ ဟဲလျန်ချန်း ထိုင် ရမယ့် ခုံဖြစ်တဲ့ မြွေဘုရင်ထိုင်ခုံ မှာ စီးထူယန် က ထိုင်​နေ ခဲ့လေတယ်။

အခုတော့ စီးထူယန် က တည်ငြိမ်စွာ ထိုင်နိုင် နေပြီပေါ့လေ။

စီးထူယန် ရဲ့ ဘေးနားမှာတော့ ရွှီးဟယ် က ထိုင်နေတာ ဖြစ် လေတယ်။ ရွှီးဟယ် က အစကတည်း က လှပ သူ ဖြစ်ပြီးတော့ အခုဆိုရင် သူမ က အနည်းငယ် ပိုနှစ်လို ဖွယ်ကောင်း လာကာ အစွမ်းကုန် ပွင့်လန်းလှပ နေတဲ့  ပျိုနီ ပန်း လိုပါပဲ။

ဒါကို ကြည့်ရရင် စီးထူယန် နဲ့ ရွှီးဟယ် တို့က နေ့တိုင်းပဲ ထိတွေ့ မီးတောက်ပြီးတော့ ချစ်ဇောအဟုန် တွေ ပြင်းထန်စွာ တိုက်ပွဲ ဝင်ထားတာ ပဲ ဖြစ်ရမယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now