အပိုင်း (34)

1.1K 164 2
                                    

(34)

စုယွမ် က အနာဂတ်မှာ ထိုမြွေကြီး ရဲ့ ဖမ်းဆီးတာ ကို မခံချင် ပါပေ။ ဒါကြောင့် သူ ခုခံ လိုတာ ပဲ ဖြစ်လေတယ်။ အဲ့လိုမှ မဟုတ်ရင် ဒီကောင် က အမြဲတမ်းပဲ သူ့ကို ဒီလို လုပ်နေ တော့မှာ ပဲ ဖြစ်လေတယ်။

ထို မြင်ကွင်းက တွေးကြည့်ဖို့တောင် ရက်စက်လွန်းလို့ စုယွမ် တစ်ယောက် တွေးတောင် မတွေးရဲ တော့ပါပေ။

စုယွမ် က အပြင်ကို ထုတ်ပေးဖို့ ပြောမလို့ ပဲ ရှိသေးတယ် ဟဲလျန်ချန်း က အရင်ဆုံး လက်ဦးမှု ကို အရယူ ပြီးတော့ ပြောလိုက်လေတယ်။

'' ကိုယ် အစွန့်ပစ် ခံရပြီး ကတည်း က ကိုယ့်ရဲ့ ကိုယ်က အမြဲတမ်း အေးစက် နေခဲ့တာ။ ဒီဟာက ကိုယ် အနွေးဓာတ် ကို ခံစားမိတာ ပထမဆုံး အကြိမ် ပဲ လေ''

ထိုစကားကို ပြောပြီးနောက် တစ်ခဏ ထပ်စဥ်းစားကာ သူက သိလိုစွာနဲ့ ပြောလာခဲ့တယ်။

'' ယွမ်ယွမ် အဲ့တာ က မင်းကို မသက်မသာ များ ဖြစ်စေသလားဟင်? ''

စုယွမ် ခမျာ သူပြောချင်တဲ့ စကားတွေကို တောင် မပြောနိုင် တော့ပါပေ။ ဒါကြောင့် သူက အားတင်းပြီးတော့သာ ပြုံးလိုက် ရလေတယ်။

'' အဆင်ပြေ ပါတယ်။ ဒါက တကယ်ကို နွေးတယ် ''

'' ဒါဆိုရင်တော့ အဆင်​ပြေ ပါပြီ ''

နောက်တော့ ဟဲလျန်ချန်း က မျက်လုံးထဲမှာ တွက်ချက် တဲ့ အပြုံးရှိနေ  ပြီးတော့ ပတ်ထားတဲ့ အခွေကို အနည်းငယ် တိတ်တိတ်လေး ပိုပြီးတော့ တင်းကြပ် လိုက်လေတယ်။

ဒီလောက် သေးငယ်တဲ့ လှုပ်ရှား မှုလေးကတောင်မှ ပဲ သူ့ကို အရမ်းတွေ ပျော်ရွှင်နေ စေခဲ့ပြီ ဖြစ်လေတယ်။

ဟဲလျန်ချန်း က နာရီဝက်လောက် ပတ်ထား ပြီးတော့ စုယွမ် ရဲ့ တစ်ကိုယ်လုံး ထုံကျင်လာကာ တောင့်တင်းလာတော့ မှသာ သူက တွန့်ဆုတ်စွာနဲ့ လွှတ်ပေး လိုက်လေတယ်။

နောက်တော့ စီးထူယန် နဲ့ ရွှီးဟယ် အပေါ် ဆေးခပ်ခဲ့တဲ့ အဓိက ကိစ္စ အကြောင်းကို ပြန်ရောက် သွားတော့တယ်။

စုယွမ် ရဲ့ အနည်းငယ် ဂုဏ်ယူမာန်တက် နေတဲ့ အကြည့်လေး ကိုတွေ့တော့ ဟဲလျန်ချန်း က တကယ်ပဲ သူ့ကို တင်းတင်းလေး ဖြစ်ညှစ် ချင် မိလေတယ်။ နောက်တော့ သူနဲ့ အတူတူ အိပ်ယာ ပေါ်မှာ လူးလိမ့်နိုင် ရင်တော့ အကောင်းဆုံး ပေါ့လေ။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now