အပိုင်း (4.2)

3.7K 601 8
                                    

(4.2)

ငွေမြွေငယ်လေး က စိုးရိမ်စိတ်တွေ နဲ့စပ်စုလိုစိတ် တွေ ပြည့်နေဆဲပါပဲ။ နောက်တစ်ခဏမှာပဲ သူ့ရဲ့ လစ်လပ်နေတဲ့ ကိုယ်လေးဟာ နွေးထွေးတဲ့ ပွေ့ဖက်မှု ထဲကို ရောက်ရှိသွား လေတယ်။

သူလည်း မျက်လုံးလေးကို ပင့်ပြီး ကြည့်လိုက်တဲ့ အချိန်မှာတော့ လှပတဲ့ မျက်နှာက သူနဲ့ လက်တစ်ကမ်း ကို ရောက်နေခဲ့ ပါပြီ။ ပြီးတော့ သူ့ရဲ့ ဝင်သက်ထွက်သက် ကိုတောင် ခံစားမိလေတယ်။

စုယွမ် က ငွေမြွေငယ်လေး ကို ခေါ်ကာ မြစ်ဆီ ကို အရင်ဆုံး သွားလိုက်လေတယ်။ သူ့မျက်နှာကို ဆေးကြောဖို့ ဒီနေရာကို ပထမဆုံး လာတဲ့ အချိန်မှာဆို ဒီမြစ်ငယ်ထဲမှာ ပုဇွန်နဲ့ ငါးတွေ အများကြီး ရှိတယ်ဆိုတာကို တွေ့ခဲ့ရတယ်။

ဒီနေရာကို ဘယ်သူမှ အမဲလာမလိုက်တာကြောင့် ငါးတွေနဲ့ ပုဇွန်တွေ က အရမ်းကို ပေါများနေလေတယ်။

သူက သစ်ကိုင်း တစ်ခုကို ရှာလိုက်ပြီးတော့ ငါးအကြီးကြီး များစွာ ကို လွယ်ကူစွာ ဖမ်းလိုက်လေတယ်။

ဒီငါးတွေက သောက်ရမ်း တုံးတာပဲ!

စုယွမ် က ပျော်ရွှင်စွာနဲ့ ငါးတွေကို ရေထဲက အပင်တစ်မျိုးနဲ့ တံစို့ထိုး တွဲချည်လိုက်တယ်။

ငွေမြွေငယ်လေး ကို ငါးတွေ သီထားတာကို သယ်စေပြီးတော့ သူတို့က ဝါးတော ဆီကို နောက်တစ်ဖန် ပြန်သွား ကြလေတယ်။ မျှစ်တွေကို တူးတယ်၊ မှိုတွေကို ကောက်တယ် ၊ ပြီးတော့ ရစ်ငှက် တစ်ကောင် ဖမ်းမိတယ်။

ထိုရစ်ငှက်ကို ငွေမြွေလေး က ဖမ်းတာပဲ ဖြစ်လေတယ်။ အဆုံးမှာတော့ ကောင်ငယ်လေး က မကောင်းဆိုးဝါး လေး ပဲလေ။ ပြီးတော့ ရစ်ငှက်တစ်ကောင် ကို ဖမ်းနိုင်ဖို့ ဆိုတာက တကယ်ကို မလွယ်ကူပါပေ။

ပါဝင်ပစ္စည်းတွေ ပေါများနေပြီ ဖြစ်တာကြောင့် အခုချိန် ကစုယွမ် လက်စွမ်း ပြရတော့မယ့် အချိန်ပဲ ဖြစ်လေတယ်။

တစ်နာရီလောက် အားစိုက်ထုတ်ပြီးတာနဲ့ စုယွမ် က စားပွဲတင် ဟင်းတွေကို ချက်ပြုတ်လို့ ပြီးသွားခဲ့လေတယ်။

ထိုဟာတွေက ငါးပြုတ်ရယ်၊ ချိုချဥ် ငါးရယ်၊ ကြက်သား မှို စတူး၊ မျှစ်မီးကင်နဲ့ အသီးအရွက်ရိုင်း မွှေကြော်တွေပါ။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now