အပိုင်း (31.1)

1.2K 190 2
                                    

(31.1)

ည သန်းခေါင်မှာ စုယွမ် က နိုးလာပြီးတော့ ရုတ်တရက် ပဲ ထ ထိုင်လိုက် လေတယ်။

အာ......  သူက ဘာလို့များ ဒီလောက်ထိ ကြာအောင် အိပ်ပျော် သွားရတာ လဲ။

သူက အဲ့မြွေ အကြီးကြီး ကို ကယ်တင်ဖို့ အဆိပ်ဖြေဆေး ဖော်စပ် ရအုံးမယ်လေ။

တကယ်ကို ထူးဆန်းလိုက်တာ။

ရွှီးဟယ် က ဘာကြောင့်များ သူ့ဆီကို လာပြီးတော့ မတွေ့ရတာလဲ။ သူ့မှာ က ဆေးပင်တွေ နည်းနေ ပါပြီ ဆိုနေမှ။

စုယွမ် က ထရပ်လိုက် ပြီးတော့ တံခါးနားဆီ ကို လျောက်သွား လိုက်လေတယ်။ ပြီးတော့ ပြတင်းပေါက် လေး ကနေ အပြင်ကို ချောင်းပြီး ကြည့်လိုက် တဲ့ အခါ အတွင်းပိုင်း အဆောင် နဲ့ တတိယ အလွှာမှာ အစောင့်တွေ တင်းကြပ်စွာ စောင့်ကြပ် နေတာ ကို တွေ့လိုက် ရလေတယ်။

ထိုအစောင့်တွေက လူပုံစံ လုံးဝ ပြောင်းလဲ နိုင်တဲ့ သူ တွေ အပြင် ပုံစံ လုံးဝ မပြောင်းနိုင်သေးတဲ့ မြွေကြီးတွေလည်း ပါနေ ခဲ့လေတယ်။ အဝါရောင်မြွေကြီးတွေ၊ ခေါင်းပေါ်မှာ ပန်းပွင့်နဲ့ မြွေကြီးတွေ ၊ အစိမ်းရောင် မြွေကြီးတွေ။

ဒါက သေလောင်အောင် ကြောက်စရာ ကောင်း တယ်။

သူက ဟဲလျန်ချန်းရဲ့ ငွေရောင်မြွေ ကြီး ပုံစံ ကို မြင်တွေ့ ရတာ အသားကျ နေပြီ ဆိုပေမယ့် ထိုကဲ့သို့ တစ်ခြား မြွေကြီးတွေကို မြင်ရတဲ့ အခါမှာတော့ သူမကြောက်ပဲ မနေနိုင်သေး ပါပေ။

စု စိတ်တက်ကြွလေး ယွမ် က လိမ်လိမ်မာမာ ပဲ သူ့ရဲ့ သူ့အိပ်ယာ ဆီကို ပြန်ကာ ထိုင်လိုက် ပြီးတော့ မြွေဘုရင် ကြီး ဟဲလျန်ချန်း ကို ဘယ်လို ကယ်ဆယ် ရမလဲ ဆိုတာ ကို တွေးတော နေခဲ့လေတယ်။

တကယ်လို့ ထိုမြွေသာ သူ့ရဲ့ ဒျန်တန် ကို ဆုံးရှုံးလိုက် ရရင် ထိုမြွေ က တကယ်ပဲ ရှေ့လျောက် မသန်မစွမ်း ဖြစ်သွားတော့မှာလေ။

'' ဘယ်လိုတောင် လုပ်လိုက်ရပါ့ ။ အဲ့တာ က တကယ်ပဲ ဝမ်းနည်း စရာ ကောင်းလိုက်တာ ။ အဲ့တာက အမြစ်မဲ့တဲ့ ပန်းပွင့်လေး လို ညှိုးခြောက် သွားပြီးတော့ ရေအောက် မြုပ် သွားတော့ မှာပဲ ''

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now