အပိုင်း (3.2)

4.3K 619 20
                                    

(3.2)

ထိုနေရာ က မြက်ခင်းပြင် ​ဖြစ်ကာ သူ့ကိုယ်အောက်မှာလဲ နူးညံ့တဲ့ မြက်တွေ ရှိနေလေတယ်။ ပြီးတော့ ကမ္ဘာမြေကြီးရဲ့ မြက်ခင်း ရနံ့က သူ့နှာခေါင်း ကိုလာရောက် ကျီစယ်တာကြောင့် အရာရာတိုင်းက သဘာဝ ဆန်နေကာ အရမ်းကို သက်တောင့် သက်သာ ရှိလေတယ်။

အရမ်းကောင်း ပေမယ့် သူ့ရဲ့ တင်ပါးအောက်မှာ တစ်ခုခု ရှိနေသလိုပဲ။

စုယွမ် ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့ သူက စိတ်ခံစားချက် တွေကိုတောင်မှ ပျောက်ဆုံး သွားရလောက်တဲ့ အထိ တုန်လှုပ် သွားခဲ့လေတယ်။

သူ့ဘေးမှာ ကောင်ငယ်လေး တစ်ယောက် လဲလျောင်း နေပြီးတော့ ပြီးတော့ သူက ထိုကောင်လေးရဲ့ ခြေထောက်ကို ဖိထားမိနေတာပဲ။

စုယွမ် က ကြောက်လန့် တကြားနဲ့ အဝေးကို အမြန်ရွေ့ကာ ဆောင့်ကြောင့်ထိုင် ချလိုက်ပြီးတော့ ကောင်ငယ်လေးရဲ့ ခြေထောက်ကို အသေအချာလေး စစ်ဆေး လိုက်လေတယ်။

ကောင်ငယ်လေးရဲ့ ခြေထောက်လေး က ထူးဆန်းနဲ့ ပုံစံ ကွေးနေတာကို တွေ့လိုက်ရပြီးတော့ စုယွမ်က အပြစ်ရှိစိတ်တွေ နဲ့ သူ့နှာခေါင်းထိပ်ကို ထိလိုက်တယ်။

သူက ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာ မဟုတ်ဘူးလေ။

အရာအားလုံး က ဘုရားသခင် စီမံတာပဲလေ။ သူက ဒီနေရာမှာ ပြုတ်ကျ မယ်မှန်း ဘယ်လိုလုပ် သိမှာတဲ့လဲ။ ​ပြီးတော့ ကောင်ငယ်လေးရဲ့ ​ခြေထောက်ကိုလည်း ချိုးဖို့ မရည်ရွယ် ခဲ့ပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ သူက တစ်ချို့အချိန်တွေမှာ ရှက်တက်ပြီး ရည်မှန်းချက် မရှိပေမယ့်လည်း သူ့မှာ သေချာတဲ့ တုံ့ပြန်ချက် တစ်ချို့ ကတော့ ရှိဆဲ ပါပေ။

သူက ဒါကို ဖြစ်စေ မှတော့ သူက ဒါကို သဘာဝ ကျကျပဲ ကျော်သွားမှာ မဟုတ်ပါဘူး ။

စုယွမ် က ကောင်ငယ်လေးကို ကောက်ပွေ့ကာ သူ့လက်မောင်းကြားထဲမှာ ပွေ့ထားလိုက်တယ်။

နောက်တော့ မျက်လုံးတွေက မထိန်းနိုင်တော့ပဲ အတော်အသင့် ပြူးကျယ် သွားလေတယ်။

သူ့လက်မောင်းကြား က ကောင်ငယ်လေး ရဲ့ ဆံပင်တွေက ငွေခဲရောင် တောက်ပ နေကာ  ဂလက်စီ ကြီး နဲ့ တူနေခဲ့တယ်။ သူ့ရဲ့ မျက်နှာလေး က အရမ်းကို တန်ဖိုးကြီး ပြီးတော့ ပြိုင်ဆိုင်လို့ မရနိုင်လောက်ပေ။ ဒီကောင်လေး ရဲ့ အလှတရား က ရုပ်ပြထဲက အလှလေး လို ဖြစ်နေပြီးတော့ သူ့အလှကတော့ အရမ်းကို အပေါစားဆန်နေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now