အပိုင်း (11. 1)

2.9K 425 28
                                    

(11. 1)

'' ဒါဆို ငါက မင်းကို ဘယ်လို ပြုမူရမလဲ ဆိုတာသင်ပေး မယ် ပြီးတော့ ဘယ်လို ဦးညွှတ်ရမလဲ ဆိုတာ သင်ပေးမယ် ''

ဒီစကားတွေက အရမ်းကို လွှမ်းမိုးပြီးတော့ သူသာ တစ်ယောက် ထဲ အမြင့်ဆုံးလို့ ပြောတာ နဲ့တောင် တူနေပါသေးတယ်။

စုယွမ် ကတော့ အသဲနှလုံးတွေ အထိ ကနေတောင် လန့်သွားတုန်သွား တာကို ခံစားမိလေတယ်။

ဒါက ခေတ်သစ် ဝတ္ထုတွေ ထဲက လွှမ်းမိုး ချုပ်ချယ်လိုတဲ့ စီအီးအို တွေလိုမျိုး ဇာတ်ကောင် စရိုက်ပဲ မဟုတ်ဘူး လား။

ထိုစကားကို ကြားလိုက်တာ နဲ့ လုံ ဖေးယန် ရဲ့ အမူအရာ က ပိုပို ပြီးတော့ အရုပ်ဆိုးလာကာ စကားပြောတာ ကို ရုတ်တရက် ရပ်လိုက်ပြီးတော့ သူ့ရဲ့ပုံရိပ်က ဖျက်ကခနဲ ဖြစ်သွားလေတယ်။
ပြီးတော့ အပြင်ဘက် ကောင်းကင်မှာ သူ့ရဲ့ မျိုးနွယ်ရင်း မူလ ပုံစံနဲ့ ပေါ်လာခဲ့တယ်။

စုယွမ် က ပါးစပ်အဟောင်းသား နဲ့ ကောင်းကင် ကို မော့ကြည့်လိုက်တယ်။

အဲ့တာ က တကယ်နဂါး တစ်ကောင်ပဲ။

တကယ်ကြီး နဂါးပဲ!

သူက အတော်ကြီးပြီးတော့ ချီးပုံကြီးနဲ့ တူကာ ကောင်းကင်ကနေ အုပ်မိုးထား ပြီးတော့ ဟိန်းသံ တစ်ချက် ပေးလိုက်တယ်။

( ဟဲ့ 🤣)

'' အဲ့တာ က ခြေသည်းငါးချောင်းပါ  ရွှေရောင် နဂါး မဟုတ်လား? ''

'' အဲ့တာ နဂါးကလန် ရဲ့ နဂါးငယ် က ပျံသန်းနေတာ ပဲ! ''

'' ဘာမှားလို့လဲ? အဲ့တာ က တိုက်ပွဲ ပုံစံ မဟုတ်ဘူး လား။ လုံဖေးယန် က ဘယ်သူနဲ့ တိုက်ခိုက်မှာလဲ? ''

'' ဘယ်သူကများ မသိနိုးနားနဲ့ လုံဖေးယန် ကို အာခံရတာလဲ?''

လုံဖေးယန် ကတော့ ကောင်းကင်မှာ ဝဲပျံနေကာ မျက်လုံးထဲမှာ ဒေါသ တွေနဲ့ ပြည့်နေခဲ့တယ်။ ပြီးတော့ သရော်မှု တွေနဲ့ တန်ပြန်တိုက်လို မှုတွေ ပါဝင်နေခဲ့တယ်။

အဲ့တာက မြွေလေး တစ်ကောင်ပဲ မဟုတ်လား။

ဘာလို့ ကမ္ဘာကြီးမှာ သူက နံပါတ်တစ်ဖြစ်ရမှာတဲ့လဲ?

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now