အပိုင်း (25)

1.9K 287 2
                                    

(25)

စုယွမ် က အနောက်ထဲကို ပဲ ပြန်သွား လိုက် တော့တယ်။ သူက အိပ်မပျော် သည်ပဲ ဖြစ်စေ အိပ်ယာပေါ် ကိုလှဲကာ မျက်လုံးတွေ မှိတ်ထား လိုက်တော့တယ်။ သူက ဘယ်လိုလုပ် မူးဝေ စွာနဲ့ အိပ်ပျော် သွားသလဲ ဆိုတာကို မသိတော့ ပါပေ။

'' ထတော့! ''

မနေ့ ညက အတော်လေး ကို အိပ်မပျော်တဲ့ အတွက်ကြောင့် ပြဿနာ ဖြစ်ပြီး မှပဲ သူက နောက်ကျ မှ အိပ်ပျော် သွားတာ ပဲ ဖြစ်လေတယ်။ သူက မနက်ခင်းမှာ အသံထွက်ပြီး အိပ်မောကျ နေတာ တောင်မှ တစ်စုံတစ်ယောက် က သူ့ကို လာပြီးတော့ အတင်းနိုးနေ သေးတယ်။

စုယွမ် ခမျာ အရမ်းကို အိပ်ငိုက် လွန်းလို့ မျက်လုံးတောင် မဖွင့်နိုင်တော့ ပါပေ။ စုယွမ် က မျက်လုံး တစ်ဝက်လောက် အားတင်း ပြီး ဖွင့်လိုက်တဲ့ အခါမှာတော့ လာနိုးတာ က တံခါး က အစောင့် တစ်ယောက် ဆိုတာ သိသွား လေတယ်။

ပြီးတော့ လူတွေ အိပ်နေတာ ကိုလည်း ကိုယ့်ယို့ကားယား ဖြစ်အောင် လာနိုး နေသေးတယ်။

သူက ချက်ချင်းပဲ ရုတ်တရက်ကြီး နိုးထကာ ထထိုင်လိုက် ပြီးတော့ သူ့ရဲ့ အရှေ့မှာ ရပ်နေတဲ့ ရက်စက်တက်တဲ့ မျက်နှာထား တပ်ဆင်ထားသော အစောင့်တွေကို စုယွမ် တွေ့လိုက် ရတဲ့ အခါ မသိစိတ် ကနေ သူ့ရဲ့ ကော်လာ ကို တင်းတင်းကြပ်ကြပ် ကာကွယ် မိသွား လေတယ်။

'' မြန်မြန်လုပ် စမ်းပါ။ ကြီးမြတ်တဲ့ စောင့်ရှောက် သူက မင်းကို တွေ့ချင် နေတယ်။ ''

ထိုစကားလည်း ပြောပြီးရော ထိုလူနှစ်ယောက် လုံး ရဲ့ လက်က စုယွမ်ရဲ့ လက်မောင်းကို တစ်ဖက်ဆီ ကနေ ကိုင်ကာ အိပ်ယာပေါ်ကနေ  ဆွဲထုတ် လိုခဲ့တယ်။

မမျှော်လင့်စွာနဲ့ပဲ သူတို့က သူ့ကို ထိတောင် မထိနိုင်သေးခင်မှာ ပဲ သူတို့ရဲ့ လက်မောင်းတွေ က နာကျင်မှု ခံစားလိုက် ရပြီးတော့ အနည်းငယ် ထုံသွား ပြီးတော့ အားပျော့သွား သလို ခံစားလိုက်ရတယ်။

အစောင့် နှစ်ယောက် လုံးက တုန်လှုပ်သွား ပြီးတော့ အချင်းချင်း ကြည့်လိုက် ကြလေတယ်။ ပြီးတော့ တစ်ယောက် စီရဲ့ မျက်ဝန်း ထဲမှာ မသေချာ မှုတွေ ပြည့်နေတာ ကို အချင်းချင်း တွေ့လိုက် ကြရတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now