အပိုင်း (18. 1)

2.6K 380 12
                                    

( 18.  1)

စုယွမ် က ကလေး နှစ်ယောက် အလွန်အမင်း ငိုကျွေး နေသံကို ကြား ရလေတယ်။

အသံလေး တွေက နာကျင်မှု၊ ကြောက်ရွံ့မှုနဲ့ အကူအညီ တောင်း လိုမှုတွေ ပြည့် နေလေတယ်။

စုယွမ် က နာကျင် နေလေတယ်။ ပြီးတော့ သူ့ဗိုက်ထဲ က အသက်ရှိ နေတဲ့ ဥလေး တွေ ကလည်း နာကျင် နေလေတယ်။

ထိုငိုတဲ့ အသံတွေကို ကြားရတဲ့ အချိန်မှာတော့ စုယွမ် က ဝမ်းဗိုက် ထဲက နာကျင် တာ ထက်စာရင် သူ့နှလုံးသား ထဲကနေ ပြီးတော့ ပိုလို့တောင် နာကျင် လာလေတယ်။

ထိုအချိန် ခဏလေး အတွင်း မှာပဲ သူ့ရဲ့ စိတ်တွေက အတော်လေး ရှုပ်ထွေး သွားလေတယ်။

သူ့စိတ်ထဲမှာ ခေတ်သစ် က ပုံရိပ်တွေ ပေါ်လာလေတယ်။ သူက ချောမော ခန့်ညား လှပ နေပြီးတော့ စားလိုက် သောက်လိုက် နဲ့ အပျော်တွေ လျောက်လုပ် နေခဲ့လေတယ်။ သူက ပန်းပွင့်လေး တွေကိုပဲ ထိတွေ့ ကျီစယ် ပြီးတော့ သစ်ရွက် တွေ ကိုတော့ လုံးဝ မထိ ခဲ့ပါပေ။

( သူက စနောက် တာပဲ လုပ်တာ တကယ့်ကိစ္စ sex ကို မသွားဘူး လို့ ပြောချင်တာ)

နောက်တော့ ရှေးခေတ် မြင်ကွင်း တွေက ရောက်လာ ပြန်တယ်။ အမျိုးသား တစ်ယောက် ကို အမျိုးသမီး တစ်ယောက် လို ဝတ်ခိုင်း ပြီးတော့ မြွေဘုရင်နဲ့ လက်ထပ်ဖို့ တွန်းအားပေး ခံနေရတဲ့ မြင်ကွင်း တွေပေါ့။ ပြီးတော့ အဲ့နေ့ရဲ့ မမြင်သင့်တဲ့ မြင်ကွင်း တွေပါ သူ့ရဲ့ စိတ်ထဲကို ပြန်ပြီးတော့ ဝင်လာ ခဲ့လေတယ်။ ဆက်လက် ပြီးတော့ ထိုမြင်ကွင်း နှစ်ခု က အာရုံထဲမှာ အပြိုင် ဆက်လက် ဖြစ်ပေါ်နေတာ က  စုယွမ်ကို အလွန်အမင်း  ရူးသွပ် သွားစေ လုနီးပါးပဲ။

သူက ခေတ်သစ် စုမိသားရဲ့ အဖိုးတန် တဲ့ ဒုတိယ သခင်လေး လား ဒါမှမဟုတ် မိန်းမလို ဝတ်ပေး ခံထား ရတဲ့ အားနည်းတဲ့ စုယွမ်လား?

ဝိဉာဥ်ကို တောင် စုတ်ဖြဲ နေသလို မျိုးကို နာကျင် ခံစား နေရတယ်။ အခုလိုမျိုးပေါ့ နာကျင်လွန်း လို့သေတော့ မလိုပဲ။

အတိတ်တွေနဲ့ နာကျင်မှု တွေ အကုန်ပျောက် ကွယ်သွား ရင် သူလည်း လုံခြုံသွား လိမ့်မယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now