အပိုင်း (14. 2)

2.7K 348 8
                                    

(14. 2)

စုယွမ် က သူဘာလုပ် ရမလဲ ဆိုတာ မသိတော့ပဲ စိတ်ပူ စိုးရိမ်စွာနဲ့ အရှေ့ကို ခြေတစ်လှမ်း တိုးလိုက်မိလေတယ်။

ဖူစူးရဲ့ ကိုယ်က သွေးတွေနဲ့ ပြည့်နေပြီး တော့ သူ့ရဲ့ ဒဏ်ရာတွေက အတော်လေးကို မပေါ့ပါးခဲ့ပေ။ သူက အိတ်ထဲက ဒဏ်ရာ ကုသဆေးကို ထုတ်ယူလိုက်ပြီးတော့ နေရာမှာတင် မသက်သာခင် အထိ ကုသ လိုက်တယ်။

နောက်တော့ သူတို့က တောင်ကြားထဲမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ လူတိုင်း သိသွားကြတော့တယ်။

အထဲမှာ နတ်ဘုရား တစ်ဝက်နေထိုင် ခဲ့တယ်လို့ ယူဆ ရတဲ့ နေရာတစ်ခု ရှိတယ်။ ထိုထဲမှာ က ဝင်္ကပါ လို ရှုပ်ထွေးနေပြီးတော့ အဆင့်နိမ့် ကနေ အဆင့်မြင့်ထိ တစ်ဆင့်ပြီး တစ်ဆင့် မြင့်သွားလေလေ ခက်ခဲမှုတွေက ပိုတိုးလာလေလေ ဖြစ်ပေမယ့် အကျိုးအမြတ် ကလည်း ရလာလေလေ ပဲ ဖြစ်လေတယ်။

ဖူစူး က နောက်ဆုံးအဆင့်ထိ ရောက်ခဲ့ ပြီးတော့ သူက ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ကာ သေလုနီးပါး ဖြစ်ခဲ့လေတယ်။

ချက်ချင်းပဲ အရှေ့ကို ဆက်တိုးဖို့ လုပ်ခဲ့ပေမယ့် သူက အဲ့တာ ကနေ ငြင်းပယ်ခြင်း ကို ခံလိုက်ရတာ ​ပဲ ဖြစ်တယ်။

စုယွမ် က ပိတ်ထားတဲ့ တောင်ကြား တံခါးကို ကြည့်လိုက်ပြီးတော့ ရင်းနှီးနေတဲ့ ပုံရိပ်ကို လိုက်ရှာနေမိလေတယ်။

မြွေမကောင်းဆိုးဝါးရဲ့ စွမ်းအား က အရမ်းကို သန်မာပြီးတော့ ကမ္ဘာမှာ အကောင်းဆုံး တစ်ယောက် ဖြစ်လေတယ်။ ဖူစူးတောင် မသေပဲ ပြန်လာနိုင်တာ သူဆိုရင် ပြဿနာ တစ်ခုတောင် မရှိသင့်ဘူး လေ။

အခုချိန်ထိ ထွက်မလာ​သေးတဲ့ ပုံထောက်ရင်တော့ သူက အဲ့အဆင့်ကို ကျော်ဖြတ်သွား နိုင်လို့ပဲ ဖြစ်ရမယ်။ ပြီးတော့ ဒီအချိန်မှာဆို သူက အမွေအနှစ်ကို လက်ခံရချင်တောင် ရနေအုံးမှာ ။

ဒါပေမယ့် တစ်နေ့ ပိုစောင့် လိုက်ပြီးတဲ့နောက် ဝင်သွားတဲ့ လူအတော်များများ က ပြန်ပြီးတော့ ငြင်းပယ် ခံရကာ ထွက်လာကြလေတယ်။ အဆုံးမှာတော့ ထိုလူတွေက သူတို့သေသွားမှာ ကို ကြောက်လို့ လို့ ပြောလာကြလေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now