အပိုင်း (15. 2)

2.5K 359 10
                                    

(15. 2)

သူတို့ ပြေးလွှားနေစဥ် စုယွမ် က သူ့ရဲ့ စိတ်ထဲက သံသယ တွေကို ထုတ်မေး လိုက်လေတယ်။

'' မင်း က ဘာမျိုးစိတ် လဲ''

ငှက်ငယ်လေး က အရမ်းကိုပဲ ချက်ချင်း မော်ကြွား သွားကာ ရင်ကိုမြှင့် ခေါင်းကို မော့ပြီး ပြောလိုက်တယ်။

'' သား က ဖီးနစ်ငှက်လေ။ သားနာမည် က ဖုန်းရှီ လို့ ခေါ်တယ်။ အကိုကြီး သားကို ရှီရှီ လို့လည်း ခေါ်နိုင်တယ် ''

ဖီးနှစ်ငှက်.... !

စုယွမ် က သူ့ခြေထောက် နဲ့ သူ ပြန်ပြီး ခလုတ် တိုက်လုနီးပါးပဲ။

ဒါဆို သူ အရမ်းကံကောင်း ပြီး ရထားတဲ့ ဥလေး က ဖီးနစ်ငှက်ဥ ပေါ့။ ပြီးတော့ အဲ့တာကို မြွေမကောင်းဆိုးဝါး ကလည်း သူ့အတွက် စာချုပ်ချုပ် ပေးခဲ့တယ်။

စုယွမ်က မျက်လုံး လေး ပင့်ကာ သူ့ရှေ့က ရှီရှီ လို့ခေါ်တဲ့ ဖီးနစ် ငှက်လေး ကို သေသေချာချာလေး ကြည့်လိုက်တယ်။

အဲ့ကောင်လေး ကို ကြည့်ရတာ တော့ ငှက်ပိစိလေး ပဲ ​ရှိပါသေးတယ်။ ဒါ့အပြင် သူက တစ်ခါမှ ဖီးနစ်ငှက်ကို မတွေ့ဘူးတဲ့ အပြင် ထိုကောင်လေး ရဲ့ဥပေါ်မှာ လဲ ရှုပ်ထွေးနေတဲ့ ပတ်တန် တွေကို မတွေ့ခဲ့ ရဘူးလေ။

သေချာပေါက် ဖီးနစ် တစ်ကောင် က အဲ့လို မဖြစ်သင့်ဘူး မဟုတ်လား။ ကြည့်ရတာတော့ ဒီကလေးလေး က မွေးလာပြီးတဲ့ နောက် လိမ်တက် လာတာ ပဲ ဖြစ်ရမယ်။

မေ့လိုက် ပါတော့ ။

အဲ့ကောင်လေး က အသက်ငယ်ငယ် လေးပဲ ရှိနေသေးတဲ့ အတွက်ကြောင့် အဲ့တာ ကို ဂရုမစိုက်တော့ဘူး ။

၃ ရက် ကြာပြီးတဲ့နောက် စုယွမ် က ရှီရှီ နောက်ကနေ လိုက်လာရင်း နဲ့ မြို့တစ်မြို့ကို ရောက်လာ ခဲ့တယ်။

ထိုမြို့လေး က အရှေ့ဘက် နယ်မြေနဲ့ အနောက်ဘက် နယ်မြေ ကြား က နယ်စပ် နေရာမှာ တည်ရှိတာ ပဲ ဖြစ်လေတယ်။ စုယွမ် သိတာ တစ်ခု ကတော့ သူက အရင်တုံး က အရှေ့ဘက် နယ်မြေ မှာ မွေးဖွားတယ် ဆိုတာကို ပေါ့။

ထိုမြို့ကို စန်းဟွား မြို့လို့ ခေါ်လေတယ်။ ဘာလို့လဲ ဆိုတော့ အဲမြို့ဘေး က တောအုပ်ထဲမှာ ပန်းပွင့်တွေ ဖွေးဖွေးလှုပ်အောင် ​ပွင့်တဲ့ အပင်ကြီး ၃ ပင် ရှိလို့ ပဲ ဖြစ်လေတယ်။ ထိုမြို့မှာ အရှေ့ဘက် နယ်မြေ နဲ့ အနောက် ဘက် နယ်မြေ တို့က လူတွေ က ရောနှော နေထိုင် ကြလေတယ်။ အမှန်တိုင်း ပြောရရင် လူသား နဲ့ မကောင်းဆိုးဝါး တွေပေါ့။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now