အပိုင်း ( 5.1)

3.8K 603 16
                                    

(5. 1)

အစောကြီး ကတည်း က စုယွမ်ဟာ သူ ပြန်နိုင်မယ့် လမ်းကို ရှာဖို့ ကြိုးစားခဲ့ ပါသေးတယ်။ ဒါပေမယ့် သူက ဒီနေရာ မှာနေရတာ ကို အသားကျ လာခဲ့လေတယ်။ ပြီးတော့ ငွေ​မြွေလေး နဲ့ အတူ နေရတာ ကိုလည်း သူ နေသားကျ လာခဲ့ပါတယ်။

ဒီနေ့မှာလည်း စုယွမ် ကတော့ ခါတိုင်းလိုပဲ နှလုံးသား အပြည့်နဲ့ဟင်းပွဲ တွေ တည်ခင်းပေး ထားပြီးတော့ ကောင်ငယ်လေး ကနေ ချောမောခန့်ညားတဲ့ အမျိုးသား တစ်ယောက် အဖြစ် ကြီးထွားလာတဲ့ ငွေမြွေလေး ဟာလည်း အစားအသောက်တွေကို ပျော်ရွှင်စွာနဲ့ အားရ ကျေနပ်စွာ စားသောက် နေခဲ့လေတယ်။

စုယွမ် က သူ့ရှေ့မှာ ရပ်နေတဲ့ အမျိုးသားလေး ကို ကြည့်လိုက်တယ်။ ထိုအမျိုးသားလေး ဟာ အခုဆိုရင် သူ့ထက်တောင်မှ အရပ်ရှည် နေပြီ ဖြစ်ပြီးတော့ အတူတူ ယှဥ်ရပ် လိုက်ရင် စုယွမ်ဟာ သူ့ညီလေး နဲ့တောင် တူနေ ပါပြီ။

ဆယ်နှစ်ကြာ ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ရုပ်ရည် က မပြောင်းမလဲ ပဲ ကျန်ရှိနေတာကြောင့် သူဟာ တစ်ကယ်ပဲ နတ်သားလေးနဲ့ တူလေတယ်။

စုယွမ် က အနာဂတ်မှာ လဲ ဒီလိုမျိုးပဲ ဆက်ရှိနေအုံးမယ်လို့ တွေးမိတယ်။ ဒီကောင်လေး ကိုပဲ ဘဝ တစ်သက်စာ လုံး အဖော် ပြုရင်း နဲ့ပေါ့လေ။

ဒါပေမယ့် သူ့ပါးစပ်ထဲက အစားအစာ တွေတောင် မြိုမချ ရသေးခင်မှာပဲ စုယွမ်ရဲ့ အရှေ့က မြင်ကွင်း က အလင်းတွေနဲ့ အရိပ်တွေ အဖြစ် ပြောင်းလဲ သွားတယ် လို့ ခံစားလိုက်ရတယ်။ နှင်းမှုန်လေးတွေလို အနည်းငယ် ကွဲထွက်သွားတယ်။

နောက်တော့ စုယွမ် က သူ့ အသိ ပြန်ဝင် လာတဲ့ အချိန်မှာတော့ သူက မြေပြင်ပေါ်ကို ပြုတ်ကျ နေတာကို တွေ့လိုက်ရတယ်။

စုယွမ် က ကြောင်အ စွာ ထရပ်လိုက်ပြီးတော့ ထိုမြင်ကွင်းက သူနဲ့ အတော်လေးကို ရင်းနှီးနေတယ်လို့ ခံစားရလေတယ်။

ဒါက...ဒီနေရာက သူ လွန်ခဲ့တဲ့ ဆယ်နှစ်တုံး က ပြုတ်ကျ ခဲ့တဲ့ နေရာ မဟုတ်ဘူး လား?

သူက မှတ်ဉာဏ်တွေ နောက်ကို လိုက်ပြီးတော့ စိတ်ရှုပ်ထွေး စွာနဲ့ သူ့ရဲ့ မူလ ပထမ ဖြစ်တဲ့ စုတ်ပြတ်နေတဲ့ ခြံဝန်းဆီကို ပြန်လာခဲ့တယ်။ ဒါပေမယ့် အဲ့ခြံဝင်း က အရင်ပုံစံ အတိုင်း ဖြစ်နေပြီးတော့ ဘာမှ ကိုမှ ပြောင်းလဲ သွားခြင်း မရှိပါပေ။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now