အပိုင်း (17 .1)

2.6K 370 7
                                    

(17.  1)

'' မင်းမှာ ကိုယ်ဝန် ရှိနေ တာလေ''

'' မင်းမှာ ကိုယ်ဝန် ရှိနေ တာလေ''

'' မင်းမှာ ကိုယ်ဝန် ရှိနေ တာလေ''

ထိုစကားသံ က စုယွမ် ရဲ့ခေါင်း ထဲမှာ ထပ်ကာထပ်ကာ ဖွင့်တဲ့ ခလုတ်ကို နှိပ်ထားမိ သလိုမျိုး မြည်ဟည်း နေခဲ့ လေတယ်။

စုယွမ် က မပြုံးလိုက် ခင် အသက်ရှု ချိန်ပေါင်း များစွာ ငေးကြောင် နေခဲ့ဆယ်။

'' ဟီးဟီး ခများ က တကယ့် ကို ဟာသ ပြောတက် တာပဲ ဗျာ''

အဲ့တာ ကြီး က ဟာသ တစ်ခု မဟုတ်လား?

သူက ယောကျာ်း ကြီးလေ။ ဘယ်လိုလုပ် ကိုယ်ဝန် ဆိုတဲ့ ဟာနဲ့ အရူး လာလုပ်လို့ ရပါမတဲ့လဲ။

ဖုန့်ဝူယိုး ရဲ့ မျက်နှာ အမူအရာ ကတော့ ပြောပြ ဖို့ရာ ခက်ခဲ နေဟန် ပေါ်နေ ခဲ့လေတယ်။ ပြီးတော့ သူ့မျက်လုံး တွေက စုယွမ်ကို ကြည့်တဲ့ အခါ အတော်လေး ကို ရှုပ်ထွေး နေမိ လေတယ်။

ထိုငေးစိုက် ကြည့်ခြင်း ခံရတဲ့ အတွက် စုယွမ် က တုန်လှုပ် လာကာ မေးလိုက်လေတယ်။

'' ဘာဖြစ် လို့လဲ? ''

'' ငါ့ရဲ့ သွေးခုန်နှုန်း စစ်ဆေး ချက် က မမှား နိုင်ဘူး။ ''

ရှီရှီ ကလည်း ပြောလိုက်တယ် ။

'' သား  ကျို့ကျို့ ရဲ့ ဆေးပညာ က ဖုန့်မျိုးနွယ် ထဲမှာ အကောင်းဆုံးပဲ။ ပြီးတော့ သူက မသေမျိုး တွေကို တောင် ကုသ ပေးနိုင်တဲ့ သူလေ။ တကယ်လို့ သူက အကိုကြီး ပျော်ရွှင် နေတယ်လို့ ပြောရင် အကိုကြီး က တကယ် ပျော်ရွှင် နေတာပဲ။ ''

အဲ့တာ ကြီး ကတော့ လွန်ကဲ သွားပြီ မဟုတ်ဘူး လား!

စုယွမ် က တကယ်ကြီး ပေါက်ကွဲ ထွက်ချင် နေခဲ့ ပါပြီ။ သူက တကယ့်ကို ယောကျာ်း ကောင်း တစ်ယောက် ပါ။ သူက မြွေဘုရင် နဲ့ ရင်ဆိုင် ကြုံတွေ့ ခဲ့ရပေမယ့် သူက ပျော်ရွှင် နေဆဲ ပါပဲ။

တကယ်လို့ ကိုယ်ဝန် ကသာ တကယ် ဆိုရင် သူတော့ အသက် ဆက် မရှင်ချင် တော့ပါဘူး။

'' တကယ်ကြီး နောက်နေ တာ မဟုတ်လား ''

'' အဲ့တာ က အမှန်ပဲ ''

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now