အပိုင်း (13. 1)

2.8K 367 22
                                    

(13.  1)

နောက်ရက်အနည်းငယ် အတွင်းမှာတင် စုယွမ် က ဟဲလျန်ချန်း နောက်ကို လိုက်ပြီးတော့ ယိုပေါက်စိမ့်ပေါက်လေး တွေကို လိုက်ကောက်နေခဲ့တယ်။

ကောင်းမွန်တဲ့ ကလေးကြီး ဟဲလျန်ချန်း ကတော့ သူ့ကို အဝေးတွေဆီ ခေါ်သွားပေးခဲ့တယ်။ ကောင်းတဲ့ တစ်ခုခုတွေ့တိုင်း စုယွမ်က မြန်မြန်လေး အရှေ့ကို ပြေးသွားကာ ရတနာလေး တွေကို ကောက်ယူလေတယ်။

သူတို့ ရှာတွေ့ခဲ့တာ တွေက ကျူးယွမ် လို့ခေါ်တဲ့ လူတစ်ယောက် ရဲ့ ငယ်ရွယ်မှုကို နှစ်တရာစာ ထိန်းသိမ်း ပေးနိုင်တဲ့ ဆေးရယ် ၊ စိတ်ဝိဉာဥ်ဓားရယ်၊ ကိုယ်ထဲက မကောင်းတဲ့ အညစ်အကြေး တွေကို ဖယ်ရှားပေးနိုင်တဲ့ စိတ်ဝိဉာဥ် အသီးရယ် ပြီး​တော့ သတ်တမ်းဆွဲဆန့်ပေး နိုင်တဲ့ ဆေးတစ်လုံး ရယ် တို့ပဲ ဖြစ်လေတယ်။

စုယွမ်က အဲ့တာတွေကို ဟဲလျန်ချန်း အား ပြသ ဖို့ မစောင့်နိုင်တော့ပါပေ။ တကယ်လို့ အဲ့တာတွေကိုသာ ခေတ်သစ်အချိန် ဆီ သူပြန်ယူ သွားနိုင်ခဲ့ရင် သူတော့ အတော်လေး ကို နာမည်ကြီး သွားမှာ ပဲ ဖြစ်လေတယ်။

ဟဲလျန်ချန်း က နတ်ဆိုးဝံပုလွေ တစ်အုပ်ကို သတ်လိုက်ပြီးတဲ့နောက် သူက အနောက်ကို ပြန်လှည့်ကြည့်လိုက်တဲ့ အခါ စုယွမ် က နတ်ဆိုး ဝံပုလွေ အလောင်းတွေ ထဲက နေ နတ်ဆိုးသလင်းကျောက်တွေ တူးပြီးတော့ ထုတ်ယူနေတာကို တွေ့လိုက်ရလေတယ်။

'' မင်း ဘာကြောင့် အဲ့တာတွေကို တူးထုတ်နေရတာလဲ?''

အဲ့ငတုံးလေးက အဲ့လိုလုပ်တာကြောင့် လက်နဲ့ ကိုယ်မှာ သွေးတွေ ပေကျံ နေပြီပဲ ဖြစ်လေတယ်။

'' ကြည့်ကောင်းလို့လေ ''

စုယွမ် က ဒါကို ကြည့်ကောင်းတယ် လို့မြင်နေခဲ့တယ်လေ။ နတ်ဆိုး ဝံပုလွေတွေရဲ့ နတ်ဆိုးသလင်းကျောက် တွေက စိန်တုံးလေး တွေနဲ့ တူပြီးတော့ အရောင်လည်း စုံသလို တောက်လည်း တောက်ပ တာကြောင့် သူ့ရဲ့ မျက်လုံးအကြည့်တွေကို အဝေးဆီ မလွဲနိုင်ခဲ့ ပါပေ။

နတ်ဆိုး သလင်းကျောက် ကလည်း ကျင့်ကြံခြင်းနည်းတွေ လိုမျိုးပဲ အရောင်စုံစွာ ရှိလေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now