အပိုင်း (33)

1.4K 199 17
                                    

(33)

ရွှီးဟယ်က အရှေ့ ​သုံးလှမ်း စာလောက် သွေးတွေ အန််ထုတ် လိုက်တဲ့ အခါ သူမကို ကြိုက်ပါတယ် လို့ ပြောပြီး ရွံ့ရှာစွာနဲ့ အနောက်ကို ဆုတ်သွားတဲ့ စုယွမ်ကို တွေ့လိုက် ရတော့ သူမ ခမျာ နောက်ထပ် ဒေါသ ကို ထပ်ပြီးတော့ မထိန်းထား နိုင်တော့ပဲ သွေးတစ်လုတ် ထပ်အန် လိုက် ပြန်တယ်။

မြေပြင် ပေါ်က သွေးတွေကို ကြည့်လိုက် ပြီးတော့ စုယွမ် တစ်ယောက် ရွှီးဟယ်ကို အတော်လေး စိတ်မကောင်း ဖြစ်မိသွားတယ်။

ကြည့်စမ်း ပါအုံး ဒီလောက် သွေးတွေ ဖြစ်ဖို့ ဆိုရင် ဘယ်လောက်တောင် ထမင်းတွေ အများကြီး စားခဲ့ ရမှာလဲ။

အခုလေးတင် ရွှီးဟယ် က သွေးတွေ အများကြီး ဆုံးရှုံးခဲ့ ရတဲ့ အတွက်ကြောင့် သူမရဲ့ အရှေ့က  မြင်ကွင်း အနည်းငယ် မှောင်ဝေ နေလေတယ်။ နောက်တော့ သူမ က တကယ်ကြီး မူးလဲ သွားပြီးတော့ သွေးအိုင်ထဲကို လဲကျ သွားတော့တယ်။

အူး....။

ဒါက အရမ်းကို ညစ်ပတ်တာပဲ။

စုယွမ် က သူမ ကို လုံးဝ မထိချင်တော့ပေ။ ဒါကြောင့် သူမကို မြေပြင်ပေါ်က သွေးအိုင်ထဲ မှာပဲ ဆက်လှဲ ခိုင်းလိုက်တော့ လေတယ်။

အစီအစဉ် အလည်မှာ ကိစ္စလေး တစ်ချို့ ရှိသွား ပေမယ့်လည်း အဲ့တာ တွေက အဆုံးသတ်ကိုတော့ အကျိုး သက်ရောက်မှု မရှိစေပေ။

စုယွမ် က ဆက်လက် ပြီးတော့ အဝတ်အစားကို ချွတ်နေ ခဲ့တယ်။

အခုချိန်မှာတော့ ဟဲလျန်ချန်း က အတော်လေး ကို တည်ငြိမ် သွားပြီ ပဲ ဖြစ်လေတယ်။ ရွှီးဟယ် က အခုလို ဖြစ်နေတာ ကို တွေးကြည့်လိုက်တော့ စုယွမ် ကသာ  အဲ့လို မဟုတ်တာ တကယ်လုပ်ချင် နေရင်တောင်မှ ပဲ သူက ဘာမှ မပြောနိုင်ဘူး လေ။

ဒါ့အပြင် စုယွမ်သာ တစ်ဖက်လူ ကို တကယ် ကြိုက်တယ် ဆိုရင် အခုလို ဖြစ်တဲ့ အချိန်မှာ စိုးရိမ် ပူပန်စွာနဲ့ ပွေ့ပြီးတော့ အိပ်ယာပေါ် တင်ကာ အနား ကောင်းကောင်း ယူခိုင်း သင့်တယ်လေ။
စုယွမ် ရဲ့ အသွင်အပြင် ကို ကြည့်ရ သလောက် ကတော့ အဲ့လို ဖြစ်ဟန် မတူပါပေ။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now