အပိုင်း (6)

3.8K 595 19
                                    

( 6)

စုယွမ် တစ်ယောက် သူ့စိတ်ထဲမှာ ကုန်းအော် နေပေမယ့် အပြင်မှာတော့ အဲလိုမျိုး တကယ် မလုပ်ခဲ့ပေ။

ဘာပဲ ဖြစ်ဖြစ် လေ သူက ဘာကို ကြောက်နေ ရမှာတဲ့လဲ!

'' အဲ့ မင်္ဂလာ ပွဲနေ့ ညတုံးက မြွေဘုရင် ကြီးက ဒီနေရာကို မလာခဲ့တဲ့အပြင် သတို့သမီး အုပ်ဆောင်းကိုလည်း လာ မလှပ်ခဲ့ဘူးလေ။ ဆိုတော့ သူက အဲ့တာကို ပြန်လာလုပ် ရမှာပေါ့ ''

'' အမှန်တော့ မိတ်ကပ် ပြင်စရာ မလိုပါဘူး ။ ''

စုယွမ် က နှစ်ကြိမ်လောက် ရုန်းကန် ချင်ပေမယ့် ရွှီးဟယ်ရဲ့ စူးစိုက်ကြည့်နေတဲ့ မျက်လုံး ကို တွေ့လိုက်ရတော့ အသံတွေ လုပ်နေတာကို ရပ်လိုက်ပြီးတော့ ရိုးသားစွာပဲ ထိုင်လိုက်ရတော့တယ်။

ဒါဆို အဲ့နေ့ည လိုပဲ ပြန်ပြင်ဆင် ရတော့မှာ ပေါ့လေ။

စုယွမ် က မိတ်ကပ်တွေ အများကြီး ပြင်ထားပေမယ့် ဘာအနံ့မှ မရှိပါပေ။ သူက အိပ်ယာပေါ်မှာ အနီရောင် ပုဝါစကို အုပ်ထားပြီးတော့ ထိုင်နေခဲ့လေတယ်။

ခေါင်းပေါ်မှာလဲ ဇာပုဝါနီ အုပ်ထားတဲ့ အပြင် ကိုယ်ပေါ်က ဇာအပါးအဝတ် ကလည်း ဖုံးသလို ဖော်သလို နဲ့ ဆွဲဆောင်မှုတွေ အပြည့် ရှိနေခဲ့လေတယ်။

စုယွမ် ရဲ့ အခုပုံစံကို ရွှီးဟယ် က ကြည့်လိုက်ပြီးတော့ အရမ်းကို စိတ်ကျေနပ်မှု မရှိပါပေ။ သူမရဲ့ နှလုံးသားထဲမှာ ပြောနေမိတာက ဒီဟာက တကယ့်ကို ပွဲ မတိုးတဲ့ ဟာပဲ။ တကယ်လို့ သူမရဲ့ သခင်မသာ ဒီလို မြူစွယ်တဲ့ ပုံစံ ဝတ်ထားမယ် ဆိုရင် တောင် သူမ ကတော့ မကျေမနပ်ဖြစ်နေ မိအုံးမှာပဲ ။

ဘယ်လိုတောင် ဉာဏ်နည်းလိုက်တဲ့ မိသားစုလဲ!

ရွှီးဟယ် ထွက်သွားပြီးတဲ့နောက် စုယွမ် ဟာ ဘယ်သူမှ မရှိတာကို တွေ့ရတော့မှ အရင်ကလိုပဲ သူ့ခေါင်းပေါ် က အနီရောင် ဇာပုဝါ ကို ဖယ်လိုက်လေတယ်။

ဒေါသနဲ့ ခါးသီးမှုတွေက သူ့မျက်နှာမှာ ပေါ်နေပြီးတော့ သူ့ရဲ့စိတ်ထဲမှာ တိတ်တိတ်လေး ဆုတောင်းနေခဲ့ကာ ဒီနေ့လည်း မြွေဘုရင် မလာဖို့ မျှော်လင့်နေမိလေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now