အပိုင်း (1.2)

5.4K 667 25
                                    

(1.2)

''ကောင်းကင်ပေါ်သို့ တက်လှမ်းခြင်း'' ဆိုတဲ့ ဝတ္ထုက ပိုင်ရှုးစာပေမှာ ကျော်ကြားနေတဲ့ ဝတ္ထု တစ်ပုဒ် ဖြစ်လေတယ်။

အဲ့တာ က စွမ်းအားကြီးမားတဲ့ အမျိုးသမီး သူရဲကောင်း စုချင်းရှု အကြောင်း ဖြစ်ပြီးတော့ သူမက မွေးကတည်း က ပါရမီပြည့်ဝ ပြီးတော့ သူမရဲ့ ​ခြေထောက်အောက် မှာ ခစားလိုတဲ့ အမျိုးသားတွေ အများကြီး ကို ဆွဲဆောင် နိုင်ခဲ့တယ်။

အဆုံးမှာတော့ အမျိုးသမီး သူရဲကောင်းက အကောင်းဆုံး တစ်ယောက် ကို ရွေးချယ်ခဲ့တယ်။

အဲ့တာကတော့ ရှင်းယုမန် ရဲ့ ခေါင်းဆောင် ဖြစ်ပြီးတော့ တာအိုအဖော် ဖြစ်လာခဲ့ ကြတယ်။ နှစ်ယောက်စလုံး က အချင်းချင်း တစ်ယောက် ကို တစ်ယောက် ကူညီ ပြီးတော့ သူတို့စိတ်ကူးယဥ်ထားတဲ့ အထက်ကောင်းကင်ဘုံကို နောက်ဆုံးမှာ တက်လှမ်းသွား နိုင်တော့တယ်။

သူက အဲ့တာကို စဖက်တုံး က ဆိုရင် သူက အဲ့ဝတ္ထု က အရမ်းကိုပဲ မိုက်တယ်လို့ ထင်ပြီးတာ့ ဇာတ်ကြောင်း တစ်လျောက်လုံး မှာလဲ ဘာမှ ညှင်းပန်း နှိပ်စက်မှုတွေ မရှိလုနီးပါးပဲ။

ဇာတ်ကြောင်း တစ်ခု လုံးက အမျိုးသမီး ဇာတ်လိုက်နဲ့ အမျိုးသား ဇာတ်လိုက် တို့က တစ်ခြားသူတွေကို ရိုက်နှက်ပြီးတော့ ဖတ်ရတာ က အရမ်းကို စိတ်သက်တောင့် သက်သာ ရှိလေတယ်။

သေချာတာပေါ့ အဲ့ထဲမှာ စုယွမ် ရဲ့ စိတ်ကို မသက်မသာ ဖြစ်စေတဲ့ အရာ ကတော့ ထိုထဲက အမျိုးသား အမြောက်စာ ဇာတ်ကောင်လေး ဖြစ်တဲ့ သူနဲ့နာမည်တူ စုယွမ် ကြောင့်ပေါ့။ အဲ့ဇာတ်ကောင်လေး က ပေါ်လာတဲ့ အခန်း က အရမ်းနည်း ပေမယ့် ရက်စက်စွာ အနိုင်ကျင့် ခံရပြီး သေသွား ခဲ့တယ်လေ။

စာအုပ်ထဲမှာတော့ စုယွမ်ဘဝဟာ မိသားစုရဲ့ ကောင်းကျိုးနဲ့ အချစ်အတွက် ပေးဆပ်ခဲ့ ရပြီးတော့ ရွှမ်ပင်း ( ငွေရောင်မြွေ) မျိုးနွယ်ထဲကို ဝင်ခဲ့ရလေတယ်။

ဒါပေမယ့် မြွေဘုရင်ကြီး က သူ့ကို ပစ်ပယ်ထားခဲ့တဲ့ အတွက်ကြောင့် သူဟာ အခွင့်အရေး တစ်ခုမှ မရခဲ့ပေ။ အဲ့အစား သူက ရွှမ်ပင်း နယ်မြေ တစ်ခုလုံးရဲ့ လျှို့ဝှက်မြေပုံကို ခိုးလိုတဲ့ အတွက်ကြောင့် ကြီးမြတ်တဲ့ စောင့်ရှောက်သူ စီးထူယန် ကို မြူစွယ်ခဲ့လေတယ်။ ဒါပေမယ့် သူက ဖော်ထုတ်ခံလိုက်ရပြီးတော့ မြွေဘုရင် ကြီးက မြွေပေါင်းထောင်ချီ ရှိတဲ့ ဂူထဲကို တိုက်ရိုက်ထည့် ခဲ့လေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now