အပိုင်း (40)

1.4K 202 6
                                    

(40)

ည အချိန်မှာ မြွေဘုရင် ကြီး  ဟဲလျန်ချန်း က လာလေတယ်။

ရှောင်ယွဲ့ ကလည်း စောင့်နေ ပြီးသား ဖြစ်လေတယ်။

သူမက မြွေဘုရင်ကြီး ရဲ့ သမီး အရင်း ဖြစ်ပြီးတော့ သူမရဲ့ သွေးလိုင်း ကလည်း အကောင်းဆုံး ဖြစ်လေတယ်။ သူမရဲ့ ကိုယ်ထဲမှာ မြွေဘုရင်ကြီး လိုပဲ အေးစက်တဲ့ သွေးတဲ့ နဲ့ ပြည့်နေ ပြီးတော့ အကျင့်စရိုက် ကလည်း ရာနှုန်းပြည့် တူလေတယ်။

မနေ့ က မြွေဘုရင် ကြီး က သူတို့ကို ဘာမှ မလုပ် လိုက် နိုင်ပဲ ပြန်သွား ခဲ့ရ ပေမယ့် သေချာပေါက် မြွေဘုရင် ကြီး က အရှုံး ပေးမှာ မဟုတ်ဘူး ဆိုတာ ကို သူမ သိလေတယ်။

ဟဲလျန်ချန်း က လူသား ပုံစံကို ပြန်ပြောင်း လိုက် ပြီးတော့ ရှောင်ယွဲ့ နဲ့ ရှောင်ဟွေးဟွေး တို့ကို အေးစက်တဲ့ မျက်ဝန်း တွေနဲ့ စိုက်ကြည့် နေခဲ့ လေတယ်။

ဟဲလျန်ချန်း ရဲ့ မျက်လုံး ထဲမှာတော့ စုယွမ် တစ်ယောက် သာပဲ အသွေးအ သား ရှိတဲ့ လူသား တစ်ယောက် ဖြစ်ပြီးတော့ ကျန်တဲ့ သူတွေ အားလုံး က ဘာတွေ ပဲ ဖြစ်နေ ပါစေ အရေးမပါ တဲ့ အရာဝတ္တုများ သာ ဖြစ်တယ် လို့ ယူဆ ထားတာ ပဲဖြစ် လေတယ်။

တကယ်လို့ အဲ့ပစ္စည်းတွေ ကို သူလိုရင် ခေါ်ထား လိုက်မယ်။ သူ့အတွက် အသုံးမလိုရင်တော့ အဲ့ပစ္စည်းတွေ ကို သူ ဖျက်ဆီး လိုက်မှာ ပဲ ဖြစ်လေတယ်။

ပြီးတော့ သူ့ရဲ့ အရှေ့မှာ ရှိနေတဲ့ အမျိုးသား နဲ့ အမျိုးသမီး တို့က သူ့ရဲ့ ချစ်လှစွာသော အသည်းအသက် ကလေးလေး ကို သူ့ဆီ ကနေ လုယူ သွားတာ ဖြစ်တဲ့ အတွက်ကြောင့် သူ့အတွက် တော့ ရိုးရှင်းစွာ ပဲ ဒါဟာ လုံးဝ ကို ခွင့်လွှတ် ပေးနိုင်ဖွယ် မရှိပါပေ။

မနေ့က သူက တွေးတော့ ချင့်ချိန် စွာနဲ့ တိုက်ခိုက် ဒဏ်ရာ ရဖို့ အတွက် ငြင်သာတဲ့ နည်းလမ်း ကို သာ သုံးခဲ့ ပေမယ့် ဒီနေ့  တော့  အဲ့တာ က မလို အပ်တော့ ပါပေ။

ဟဲလျန်ချန်း က လှုပ်ရှား မှု တစ်ခု လုပ်လိုက် ပြီးတော့  သူ့ရဲ့ လက် နှစ်ဖက်လုံး ကို ဆန့်ထုတ်ကာ တစ်ဖက် ဆီကို ရှောင်ယွဲ့နဲ့ ရှောင်ဟွေး ဟွေး တို့ အရှေ့မှာ ချက်ချင်း ပဲ အတူ တကွ ထား လိုက် လေ တယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now