အပိုင်း (30)

1.6K 241 5
                                    

(30)

ဟဲလျန်ချန်း က ဧည့်တွေ့တဲ့ ဟောခန်းထဲကို သွားလိုက်တယ်။ အဲ့အထဲမှာ မိန်းမ နှစ်ယောက် က ယောကျာ်း တစ်ယောက် အတွက် ဒရမ်မာ ဆန်ဆန် ဖျော်ဖြေ နေကြလေတယ်။

တစ္စေမင်းသမီး လု လက်ဖက်စိမ်း ကျီ က လေရဲ့ အကူအညီကို ယူပြီးတော့ လေတိုက်လိုက်တာ နဲ့ စီးထူယန် ရဲ့ လက်မောင်းတွေ ကြားထဲကို မှီ ချ လိုက်လေတယ်။

ပြီးတော့ ရွှီးဟယ် ပြောတာ ကလည်း သိပ်ပြီးတော့ မလွန်ရှာပေ။  သူမ က တကယ်ကြီး  အားနည်းတဲ့ ကြာပန်းဖြူ လေးလို လုပ်နေတာလေ။  အဲ့အချိန်မှာ သူမရဲ့ မျက်ဝန်းတွေ က နီရဲ နေပေမယ့် မျက်ရည်မကျ လာအောင် ခေါင်းမာမာ နဲ့ ထိန်းသိမ်းထား လေတယ်။ ပြီးတော့ လှပတဲ့ မျက်ဝန်း တစ်စုံ က စီးထူယန်ကို ဒေါသ တွေနဲ့ စိုက်ကြည့်နေခဲ့တယ်။

စီးထူယန် က ရွှီးဟယ်ကို ဒီလို ပုံစံနဲ့ တစ်ခါမှ မမြင်ဘူး ပါပေ။ ရွှီးဟယ် ရဲ့ နူးညံ့ ငြင်သာကာ ချိုမြိန်တဲ့ အပြုံး  တွေကိုပဲ သူတွေ့ခဲ့ ဘူးတာ ဖြစ်လေတယ်။ ပြီးတော့ အခုလို ခေါင်းမားပြီး ဒေါသ ထွက်တာ မျိုး ကို တစ်ခါမှ မတွေ့ ဘူးတဲ့ အတွက်ကြောင့် သူက ရုတ်တရက်ပဲ စိတ်ဓာတ် ကျသွားတော့တယ်။

စီးထူယန် က ရွှီးဟယ် ကို သူ့လက်မောင်း တွေ ကြားထဲ ပွေ့ဖက် ပြီးတော့ ချော့မော့ ချင်နေခဲ့တယ်။ ချော့မော့ ပြီးတဲ့နောက် သူတို့ နှစ်ယောက် သား အခန်းထဲကို သွားပြီးတော့ နွေဦးညလေး ကို အတူ ကုန်ဆုံးလို့ ရလေတယ်။

သူလှုပ်ရှား လိုက်တဲ့ အခါ သူ့လက်မောင်း ထဲက လှပတဲ့ အမျိုးသမီး လေးက သက်ပြင်းချ တာ ကို ခံစားလိုက်ရ ပြီးတော့ နာကျင်စွာနဲ့ ငြီးတွား သံကို ကြားခဲ့ ရလေတယ်။ စီးထူယန် က ရုတ်တရက် ပဲ လမ်း ထပ်မလျောက် နိုင်တော့ပါပေ။ သူက သူ့လက်မောင်းထဲ က လှပတဲ့ အမျိုးသမီးလေး ကို ဂရုစိုက်ဖို့ နဲ့ အလုပ်ရှုပ်နေခဲ့ တယ်လေ။

ရွှီးဟယ် က အဲ့ကို ကြည့်လိုက် ပြီးတော့ သူ့မ နှာခေါင်းကြားထဲကတောင် လေတွေ ထွက်လာလု နီးပါး ဖြစ်နေ ပြီးတော့ သူမ က ခပ်ဖျော့ဖျော့ ပဲ အော်လိုက်တယ်။

'' အားယန် ''

စီးထူယန် က သူ့ရဲ့ တစ်ဘဝ လုံးစာ အလွန်အကျွံ ဆွဲဆောင် ခံလိုက် ရလေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now