အပိုင်း (9.1)

3.3K 447 6
                                    

(9.1)

ဟဲလျန်ချန်း တစ်ယောက် သူ့ရဲ့ စိတ်ထဲမှာ တွေးမိတာ ကတော့ တကယ်လို့ စုယွမ် တစ်ယောက် ဒါတွေ အကုန်လုံးကို ယူသွားတယ် ဆိုတာ လမ်းမှာ တစ်ခြားသူတွေ မြင်တဲ့ အခါ သူ့ရဲ့ အင်အားကြီး လှပါပြီ ဆိုတဲ့ အရှင် သခင် ရဲ့ မျက်နှာ ကို ဘယ်နား သွား ထားရပါ့မလဲ ဆိုတာကိုပေါ့ ။

သူက မြင့်မြတ်ခွန်အား ကြီးပြီးတော့ လူတကာ ကြောက်ရတဲ့ မကောင်းဆိုးဝါး ဘုရင် မျိုးဆက် ထဲက အရှင်သခင် တစ်ယောက် ဖြစ်ပေမယ့် သူ့မိန်းမ ကတော့ ဒီလိုမျိုး စုတ်ပြတ် နေတဲ့ ကျောပိုးအိတ် လွယ်ထားရတယ်။

အဲ့တာ က လူတွေကို ရယ်မော အောင် လုပ်နေတာ ပဲ မဟုတ်ဘူး လား။ သူတို့မှာ သိုလှောင်လက်စွပ် မရှိတာ ကြလို့။ ပြီးတော့ အဲ့ အိတ်ထဲမှာ သေမျိုး ပစ္စည်းတွေ ရှိနေသေးတာက အတော်လေးကို အထင်သေးဖို့ ကောင်းတယ်။

ဟဲလျန်ချန်း က ဒီလိုမျိုး သူ့စိတ်ထဲမှာတွေး ပေမယ့် အပြင်မှာတော့ အမူအရာ တစ်ခု မှ ထုတ်မပြပဲ လက်ဖျောင့် တစ်ချက် တီးလိုက်လေတယ်။ ထိုအခါ စုယွမ်ရဲ့ ကိုယ်ပေါ်က အိတ်ထုတ်ကြီးဟာ လေထဲ မှာတင် ဖုန် တစ်စ တောင် မကျန်ပဲ ပျောက်ကွယ် သွားတော့တယ်။

စုယွမ် က ကြောင်တောင်တောင် လေး ဖြစ်သွားတော့တယ်။ ဒါဟာ အင်အားကြီး ကျင့်ကြံမှုရဲ့ စွမ်းအားလား?

အဲ့တာ ကိုသာ လူသတ်တဲ့ နေရာမှာ သုံးမယ်ဆိုရင် လူတစ်ယောက် ကို မမြင်လိုက်ရပဲ အသာလေး သတ်နိုင်မှာပေါ့။

စုယွမ်ရဲ့ မျက်လုံးလေး တွေက တောက်ပ သွားလေတယ်။ ပြီးတော့ သူလည်း တစ်နေ့မှာ ဒီလောက် သန်မာတဲ့ လူတစ်ယောက် ဖြစ်လာ ချင်သွားလေတယ်။

စုယွမ် က သူ့ရဲ့ တောက်ပ တဲ့ အနာဂတ်လေး အကြောင်းတွေးနေတုံး ရှိသေးတယ် ဟဲလျန်ချန်း က သူ့ရဲ့ လက်ကို ဆန့်ထုတ်ကာ ပစ္စည်း တစ်ခုကို လက်ဖဝါးပေါ်က လေထဲမှာ ပေါ်လာစေပြီးတော့ စုယွမ် ရဲ့ လက်ထဲကို ထည့်ပေးလိုက်လေတယ်။

စုယွမ် က သိလိုစွာနဲ့ ယူလိုက်ပြီးတော့ သူ့လက်မှာ စွပ်ကြည့်လိုက်တာ နဲ့ အဲ့တာက လက်စွပ် တစ်ကွင်း ဖြစ်နေတာ ကို တွေ့လိုက်ရလေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now