အပိုင်း (16. 1)

2.7K 400 14
                                    

(16. 1)

စုယွမ် က စန်းဟွား မြို့မှာ အခြေကျ ပြီးတော့ အခုလက်ရှိ သူ့ရဲ့ အခြေအအနေ ကို အရမ်းတွေ သဘောကျ နေခဲ့လေတယ်။

သူတို့ နှစ်ယောက် က နေ့အချိန်မှာ မြို့ထဲက လမ်းတွေ ပေါ်ကို လျောက်သွား ပြီးတော့ ညစာ စားရမယ့် အချိန်ကို ရောက်တဲ့ အခါ ကျပြန်တော့လဲ သူတို့က အရသာအရမ်း ရှိတဲ့ အစားအစာ တွေကိုပဲ စားကြကာ ညခင်းရဲ့ ရှုမြင်ကွင်း ကိုလည်း သွားပြီးတော့ ခံစား ကြည့်ရှု ကြလေတယ်။ အဲ့တာ က အတော်လေး ကို သက်တောင့် သက်သာ ရှိနေပြီးတော့ နွေးထွေးတယ် လို့လဲ ခံစား ရလေတယ်။

ဒါပေမယ့် မကြာခင်မှာ ပဲ ထို သက်တောင့် သက်သာ နေခဲ့တဲ့ ရက် နည်းနည်း လေး က ဘဝအစစ်အမှန် ကြောင့် ကျရှုံး သွားခဲ့လေတယ်။

စုယွမ် က သူ့ သိုလှောင်လက်စွပ် ထဲက ဟာတွေ အကုန်လုံး နီးပါး ရောင်းစား ပြီးပြီ ဆိုတာ ကို ရှာတွေ့ သွားလေတယ်။ တကယ်လို့ သူသာ အလုပ်တစ်ခု မလုပ်ပဲနဲ့ ဒီအတိုင်းသာ ထိုင်ပြီး စားသောက် ပျော်ပါး နေမယ် ဆိုရင် သူတို့တော့ မကြာခင် လမ်းပေါ်မှာ ငတ်ပြီး သေတော့ မှာပဲ ဖြစ်လေတယ်။

ဒါကြောင့် မလို့ အဲ့ မနက်ခင်း မှာပဲ စုယွမ် က အကျိုးအမြတ် ရမယ့် စီးပွားရေး တစ်ခု ကို ထွက်ပြီးတော့ ရှာဖွေ ခဲ့လေတယ်။ ရှီရှီ က စုယွမ် ရဲ့ ပုခုံးပေါ်မှာ ထိုင်နေပြီး တော့ လူတစ်ယောက် နဲ့ ငှက်တစ်ကောင် ဟာ သူတို့မိသားစု စားဝတ် နေရေး ကို ထောက်ပံ့ ဖြေရှင်း နိုင်ဖို့ရာ လမ်းကြောင်းကို စတင်ပြီးတော့ ရှာဖွေဖို့ ထွက်လာခဲ့ ကြတယ်။

သူက လမ်းမ ပေါ်မှာ လိုက်ရှာ ပေမယ့် သဲလွန်စ မတွေ့တာ ကြောင့် တစ်ကိုယ်ရည်သုံး ပစ္စည်း အရောင်းဆိုင် ကို သွားလိုက်လေတယ်။

'' သူဠေး ခများ အကျိူးအမြတ် ရမယ့် အလုပ် ကလေး များ မသိဘူးလား? ''

စုယွမ် က ယောကျာ်း ကနေ မိန်းမ အဖြစ် ပုံပြောင်း စေတဲ့ မှော်လက်နက် ကို ဖယ်ထုတ် လိုက်ပြီ ဖြစ်တာကြောင့် အခုချိန်မှာ သူ့ရဲ့ မူရင်း ရုပ်သွင် အတိုင်း ရှိနေ ခဲ့တယ်။

ထို ကုန်စုံဆိုင် လေးရဲ့ ပိုင်ရှင် က စုယွမ် မှာ ချောမော လှပတဲ့ အသွင်အပြင်လေး ရှိတဲ့ အတွက်ကြောင့် သူ့အတွက် အထင်အမြင် ကောင်းတွေ ရှိတာ မလို့ ကြင်နာ စွာနဲ့ ပြောလိုက်တယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now