အပိုင်း (39)

892 143 1
                                    

(39)

ညလယ်ခေါင် အချိန်မှာတော့ အခန်းထဲမှာ လေအေး တစ်သုတ် က တိုက်ခတ် သွား ပြီးတော့ မြွေကြီး က အခန်းထဲကို ဝင်လာခဲ့ လေတယ်။

ရှောင်ယွဲ့ က အဲ့တာကို အာရုံ ခံမိ ပေမယ့် သူမ က အသက်ကို ဖြေးဖြေးချင်း ပဲ ရှုနေကာ ဘာမှ မသိချင်ယောင် ပဲ ဆောင်နေ လိုက်လေတယ်။

သူမ ဘေးမှာ အိပ်နေတဲ့ သူမရဲ့ ငတုံးမောင်လေး ရှောင်ဟွေးဟွေး ကတော့ တကယ်ကြီး ကို ဘာမှ မသိပဲ ဆက်လက် ပြီးတော့ အိပ်ပျော်နေဆဲ ပါပေ။

ဟဲလျန်ချန်း က သူ့ရဲ့ မူလ မြွေပုံ ကိုပြောင်း ပြီးတော့ မှသာ အခန်းထဲ ဆီ ဝင်လာ ခဲ့တာ ဖြစ်ပြီးတော့ မြွေကြီး ရဲ့ ခေါင်းက အိပ်ယာ ဘက်ကို လှည့်ထား လေတယ်။

မြွေမျက်လုံး တစ်စုံ ရဲ့ အကြည့်တွေ ထဲမှာတော့ အိပ်ယာ ပေါ်မှာ အိပ်မောကျ နေတဲ့ အမျိုးသား နဲ့ အမျိုးသမီး ကို ကြည့်ကာ မှောင်မဲ မှုတွေက ပိုတိုးလာ ပြီးတော့ သူ့ရဲ့ စိတ်ထဲ မှာလည်း မီးတောက် တစ်ခု က စတင် တောက်လောင် လာတယ်။

ဒီလူ နှစ်ယောက် က စုယွမ်ရဲ့ အာရုံ ကိုသူ့ ဆီကနေ လုယူ သွားတာ ဖြစ်ပြီးတော့ သူ့ကို စုယွမ် က စွန့်လွှတ်ပစ်ထား ခဲ့အောင် လုပ်ခဲ့တဲ့ အဓိက တရားခံ တွေ လည်း ဖြစ်ကြ လေတယ်။

ဒီလူ နှစ်ယောက် ပျောက်ကွယ် သွား သရွေ့ ကတော့ စုယွမ် က သူ့တစ်ယောက် ထဲကို ပဲ အာရုံ စိုက်တော့ မှာလေ။

သူက ​ဖြေးဖြေးချင်းပဲ ဆယ်စုနှစ် ၊ ရာစုနှစ် ၊ ထောင်စုနှစ် ကြာတဲ့ အထိ စုယွမ် က သူ့ကို ချစ်မိ သွားပြီးတော့ သူမရှိပဲ မနေနိုင်အောင် ကြိုးစား နိုင်တယ်။

ဒါကြောင့် ဒီလူ နှစ်ယောက် က ပျောက်ကွယ်သွား သရွေ့ပေါ့လေ။

ဘယ်လိုပဲ ဖြစ်ဖြစ် ထိုကိစ္စတုံး ဖို့ ကတော့ အခုချိန်မှာ မရသေးဘူး။ မဟုတ်လို့ ကတော့ သူသတ်တာ မှန်း စုယွမ် သိသွားပြီး အချစ်ကို မရရင် အရင်ဆုံး အမုန်းတွေ ပဲ ရလာမှာ ကို သူ ကြောက်လေတယ်။

ဟဲလျန်ချန်း ရဲ့ မျက်လုံးတွေ က အရမ်းကို မျက်စိ ဖမ်းစား နိုင်တဲ့ ရှောင်ယွဲ့ရဲ့ မျက်နှာ ပေါ်ကို အရင်ဆုံး ရောက်သွား လေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now