အပိုင်း (37)

1.3K 216 7
                                    

(37)

ဦးဦး က မေ့လဲ သွားတာ ကို တွေ့တော့ ရှောင်ဟွေးဟွေး လေးက သူ့ရဲ့ မြွေလျှာလေး ကို အံ့သြ စွာနဲ့ ထုတ်လိုက်တယ်။ ပြီးတော့ သူ့အမ ဆီကို ခေါင်းလှည့်ကာ မေးလိုက်တယ်။

'' ကျဲကျဲ သူက ဘာလို့ မေ့လဲ သွားရတာ လဲ။ သူက ဖေဖေ့ ဆီကို ငါတို့ကို ခေါ်သွား ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူး လား။ ပြီးတော့ ငါလည်း ဗိုက် အရမ်း ဆာနေပြီရယ် ''

သူမေးချင်တာ ကို မေးပြီးတဲ့နောက် ရှောင်ဟွေးဟွေး က သူ့ရဲ့ ရုပ်ပိုင်း ဆိုင်ရာ လိုအပ်ချက် ကို သူ့အမ အား ပြောပြ ဖို့ မမေ့ခဲ့ ပါပေ။

ရှောင်ယွဲ့ က ရှောင်ဟွေးဟွေး ကို အထင်သေးစွာ နဲ့ ကြည့်လိုက်လေတယ်။

'' နင် အကြည့် တစ်ချက် ထဲနဲ့တောင် မသိဘူးလား ။ အဲ့လူ ရဲ့ မျက်ခုံးတွေ မျက်လုံးတွေ ထဲမှာ ဆိုးယုတ် မှုတွေ ရှိနေတာ လေ။ သူက ငါတို့ကို လာပြီးတော့ လှည့်စား ပြီး ကလေး ကုန်ကူးကာ  ရောင်းချ မလို့ လာတာဟဲ့ ''

ရှောင်ဟွေးဟွေး ရဲ့ မြွေမျက်လုံးလေး ခမျာ ပြူးကျယ် သွားလေတယ်။ ထို မျက်လုံးလေး တွေ က ဟဲလျန်ချန်း နဲ့ တစ်ပုံစံတည်း ဖြစ်ပေမယ့်လို့ ထိုမျက်ဝန်းလေး တွေထဲမှာ တုံးအ စွာနဲ့ တုန်လှုပ် မှုလေး တွေ ရှိနေ လေတယ်။

'' ကျဲကျဲ က အရမ်းကို အံသြ စရာ ကောင်းတာပဲ ''

ရှောင်ယွဲ့ က ရှောင်ဟွေးဟွေး ရဲ့ မြောက်ပင့်ဖားယား မှုကို နေသားကျ နေပြီ ဆိုပေမယ့်လည်း သူမလေး ရဲ့ မေးစေ့ကို မော်ပြီးတော့ ပင့်ထားဆဲ ပဲ ဖြစ်လေတယ်။

'' ကောင်းပြီ။ ငါတို့ မောင်နှမ နှစ်ယောက် ရဲ့ ရုပ်သွင်နဲ့ ဆိုရင် လမ်းမှာ ခရီးသွားလို့ ကတော့ ပြဿနာ တွေကို လွယ်လွယ် နဲ့ ဆက်ဖြစ် နေစေ မှာပဲ။ ဒီလိုသာ ဆို ငါတို့က အလှလှည့်စား မှုကို သုံးပြီးတော့ ငါတို့ အရွယ်ရောက် လာမယ့် ပုံစံကို ပြောင်းလိုက် ကြစို့။ အဲ့အခါ ကျရင် ငါတို့ နှစ်ယောက် က အရွယ်ရောက် ပြီးသား လူတွေနဲ့ တူမှာ  ဖြစ်ပြီးတော့ ပြဿနာ တွေလည်း ရှောင်ရှား ပြီးသား ဖြစ်သွား လိမ့်မယ် ''

'' ကောင်းပြီ ''

ရှောင်ဟွေးဟွေး က ခေါင်းလေး ကိုသာ ငြိမ့် ပြလိုက်လေတယ်။ ဘာပဲဖြစ်ဖြစ် သူ့အမ က အမှန်ဆုံးပဲ။ သူ့ရဲ့ ကိုယ်ပိုင် ခေါင်းကတော့ သူ့ဖေဖေ ပြောသလိုပဲ မုန့်နှစ် တွေနဲ့ ပြည့်နေတယ် လို့ပဲ သူခံစား နေရတယ်။ အဲ့ဒါက အရမ်း မကောင်းဘူး။ ဆိုတော့ ခေါင်းကျောမမာ လျှာမရှည်ပဲ သူက နာနာခံခံလေး နေရင် ရပြီပဲ။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now