အပိုင်း (19. 2)

2.6K 347 7
                                    

(19.2)

ဖုန့်ဝူယိုး က အာလူး ပန်ကိတ် တွေကို စား နေခဲ့တယ်။ သူက ဒီလို နူးညံတဲ့ အစားအစာ တွေကို အရမ်းကို မှ နှစ်သက်လေတယ်။ သူက ဟမ်းစတားလေး လို တစ်ကိုက်ပြီး တစ်ကိုက် ဝါးစား နေခဲ့ လေတယ်။

သူက ကိုက်စားလေလေ သူ့ရဲ့ မျက်လုံး လေးတွေ က ပိုပြီးတော့ တောက်ပ လေလေ ဖြစ်ကာ ငါအရမ်း ပျော်နေ ပါတယ် ဆိုတဲ့ ပုံလေး ပေါ် နေခဲ့လေတယ်။

စုယွမ်ဆီ ကနေ စိုက်ကြည့် ခံလိုက် ရတာ ကို သိတဲ့ အတွက် ဖုန့်ဝူယိုး က ခေါင်းလေး ကို လှည့်ကာ ကြည့် လိုက်တယ်။ သူ့ရဲ့ နှုတ်ခမ်းလေး တွေက အဆီတွေနဲ့ စွန်းရှို ကာ ခရစ်စတယ် လေးတွေကို  တောက်ပ နေပြီးတော့ အဲ့တာ က အရမ်းကို လှပ ပြီးတော့ အရသာ ရှိမယ့်ဟန် ပေါ်နေခဲ့လေတယ်။

'' ရှီရှီ ဦးလေးရေ ၊ ခများကလေ လူကြီးရော ကလေးပါ မထိခိုက်ပဲ ချောမွေ့စွာ ကလေးမွေးနိုင်မယ့် ဆေး လိုမျိုး ကို ဖော်စပ် တက်လားဟင်? ''

ဒီမေးခွန်း က ဖုန့်ဝူးယိုး အတွက် ကတော့ လုံးဝ စိုးရိမ် စရာ မရှိပါပေ။

'' မင်းက ဘာမျိုးစိတ် ကို ကိုယ်ဝန် ရှိတာ လဲ ဆိုတာ ငါမသိတာ မလို့ မွေးတဲ့ ကိစ္စမှာ လဲ ငါက ဆုံးဖြတ် ​ပေးလို့ မရဘူးလေ။ ပြီးတော့ ငါ​က လျောလျောရှုရှု မွေးဆေး ကိုလည်း ဖော်မပေး နိုင်တာပေါ့။ ''

ကောင်းပြီ။

စုယွမ် က အနည်းငယ် စိတ်ပျက် သွားလေတယ်။

စုယွမ်က လက်ကိုဆန့်ထုတ်ကာ သူ့ရဲ့ ဗိုက်လေးကို ထိ လိုက်လေတယ်။ အရာအားလုံး အဆင်ပြေ သွားဖို့ ကို ပဲ သူမျှော်လင့် မိလေတယ်။

သူလည်း ဗိုက်ကို ထိပြီးတော့ သူ့လက်ကို ကြီးမားတဲ့ စွမ်းအား ကြီး တစ်ခု ပြီး တစ်ခု က လာရိုက်နေတာ ကို ခံစားမိလေတယ်။ သူ့ဗိုက်ထဲက ဥ နှစ်လုံး က ဆက်တိုက်ကို ပြင်းထန် စွာ ရိုက်ခတ် လာလေတယ်။

နာကျင်မှု က တစ်ဖြေး​ဖြေး နဲ့ ဗိုက်ထဲ ကနေ ပျံနှံ လာလေတယ်။

'' နာလိုက်တာ........  ''

စုယွမ် က ချက်ချင်း ပဲ သူ့ဗိုက်ကို သူ့လက် တွေနဲ့ ဖုံးအုပ် လိုက်တယ်။ သူ့ရဲ့ နဖူးမှာ ချွေးသီးတွေ ထွက်လာကာ မျက်နှာက ဖြူဖျော့ လာခေတယ်။ ဖုန့်ဝူယိုး က ချက်ချင်း ပဲ ထကာ စုယွမ်နား ကို ရောက်လာပြီးတော့ သွေးခုန်နှုန်း စမ်းသပ် လိုက် လေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now