အပိုင်း (10.2)

3.1K 406 8
                                    

(10.2)

ညှိိနှိုင်း ဆွေးနွေးပွဲ က စတင် ခဲ့ ပါပြီ။

ရှင်းယုမန် ဂိုဏ်း ကပဲ ဖြောင့်မတ်ခြင်း လမ်းစဥ် ကို အမြဲတမ်း ဦးဆောင်ခဲ့ ရတာ ပဲ ဖြစ်လေတယ်။ အခု ရှင်းယုမန် ရဲ့ ခေါင်းဆောင် ဖူစူး က ငယ်ရွယ်သေးပေမယ့် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံအားနဲ့ ညီတဲ့ စွမ်းအားတွေ ရှိလေတယ်။

သူက အရည်အချင်း ရှိတဲ့ လူတော် တစ်ယောက် ဖြစ်ပြီးတော့ သူက လူငယ်မျိုးဆက်တွေ ထဲမှာ ပါရမီရှင် တစ်ယောက် ဖြစ်လေတယ်။ အခုတော့ သူက ပိုပြီးတော့ ကြီးပြင်းလာကာ ပါရမီရှင် ကြီး ဖြစ်လာပြီးတော့ တစ်ဖက်လူကို ဖိနှိပ်ထားနိုင်တဲ့ တည်ရှိမှု ဖြစ်လာ လေတယ်။

ဒီဆွေးနွေးမှုက ဖူစူး ကနေ ဦးဆောင် ပြီးတော့ လုပ်တာ ဖြစ်လေတယ်။ ထိုလူက အမြဲတမ်း ပဲ မျှတ သလိုဟန်ဆောင်ကာ လူတိုင်း ကလဲ သူ့ကို လက်ခံ ကြလေတယ်။

ဖူစူး က ပြောလိုက်တယ်။

'' နတ်ဘုရားတစ်ဝက် တောင်က နှစ်တရာ နေမှ တစ်ကြိမ် ဖွင့်တာလေ။ ပြီးတော့ အခုချိန်က တံခါးပွင့်တော့မယ့် အချိန်ရောက်နေ ပါပြီ ''

'' နတ်ဘုရား တစ်ဝက်တောင် က တစ်ခါဖွင့်ရင် လူအယောက် ၁၀၀၀ ဝင်ခွင့်ပြုတယ်လေ။ အဲ့တာ က တကယ်လို့ ပြည့်သွားရင် တံခါးဂိတ် တစ်ခုက ပေါ်လာပြီးတော့ နတ်ဘုရား တစ်ဝက်တွေတောင် ချိုးဖောက်လို့ ရတော့မှာ မဟုတ်ဘူး ''

'' အတိတ်တုံးက နတ်ဘုရား တစ်ဝက်တောင် ဖွင့်တဲ့ အခါ အယောက် ၉၀၀ နေရာကို ငါတို့ ဂိုဏ်းကြီး ၅ ခုက အညီအမျှ ခွဲဝေ ကြတယ်။ ပြီးတော့ ကျန်တဲ့ အယောက် ၁၀၀ စာကိုတော့ ဂိုဏ်းငယ်လေး တွေနဲ့ လေလွင့် ကျင့်ကြံသူတွေကို ပေးခဲ့တာလေ။ ပြီးတော့ အယောက် ၉၀၀ နေရာအတွက် က ငါတို့ ဂိုဏ်းတွေရဲ့ အင်အားပေါ်မှာ မူတည်ပြီးတော့ ခွဲဝေ ပေးခဲ့တာ ပဲ ဖြစ်လေတယ်။ ''

'' ပြီးခဲ့တဲ့ အချိန်တွေ တုံးက ငါတို့ ရှင်းယုမန် က နေရာတွေကို ပိုပြီးတော့ ရဖို့ အခွင့်အရေး ရခဲ့တယ်။ အခုတခါမှာတော့ ငါတို့က ခွဲဝေးရေးအတွက် အသေးစိတ် ဆွေးနွေး ကြမှာပဲ ဖြစ်လေတယ်။ ''

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now