အပိုင်း (8.2)

3.7K 544 11
                                    

(8.2)

စုယွမ် က သူ က အကြောက်လွန်လွန်း လို့ ချက်ချင်းပဲ သေတော့မယ် လို့ ခံစားနေရလေတယ်။

ဒီကမ္ဘာကြီး က အရမ်းကို ကြောက်ဖို့ကောင်းတာပဲ။ မြွေတွေကို ကြည့်ဖို့ လူတွေကို အတင်း တွန်းအားပေးတယ်။ မြွေတွေကို ထိတွေ့ဖို့ အတင်း တွန်းအားပေးတယ်။ နောက်ပိုင်းမှာ သူ့ကို မြွေတွေနဲ့တောင် အတင်းတွန်းအားပေး ပြီး အိပ်ခိုင်း တော့မလား ပဲ။

စုယွမ်က မတော်တဆနဲ့ အမှန်တရား ကို ထိမိသွားလေတယ်။ သူဟာ အနာဂတ်မှာ တကယ်ပဲ မြွေတစ်ကောင်နဲ့ အိပ် ( sex) ရတော့မှာ ပဲ ဖြစ်လေတယ်။

လူတွေက တံစက်မြိတ် အောက်ကို ရောက်ရင်တော့ ခေါင်းငုံ့ကြရ စမြဲပဲလေ။

စုယွမ် က သူ့ရဲ့ ကံကြမ္မာကို လက်ခံ လိုက်ပြီးတော့ သူက မြွေတွေကို စတင်ပြီးတော့ ပွတ်သပ် လိုက်လေတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် လေ သူက မြွေတွေကို မြင်ရတာနေသား ကျနေပြီပဲကို သူတို့ကို ထိတွေ့ဖို့ ကတော့ သူက မကြောက်လော​က်တော့ ပါဘူးလေ။

ဒီနေ့မှာတော့ စုယွမ် က မြွေလေးတွေကို ပွတ်သပ်ပေး ရတာကြောင့် သူ့ရဲ့ လက်တစ်ခုလုံး စေးကပ်ပြီးတော့ အေးစက်နေခဲ့တယ်။ စုယွမ်က အရင်ဆုံး လက်ပြင် တစ်ခုလုံး ကြက်သီးမွှေးငြင်း တွေ ထလာပြီးတဲ့ နောက် မှာတော့ နောက်ကျောတွေမှာ ပါ အမွှေးတွေ ထောင်လာခဲ့တော့တယ်။

အဆုံးမှာတော့ မြွေပေါင်း တစ်ရာ ကို ထိတွေ့ရမယ့် တာဝန် က ပြီးသွားလေတယ်။ ပြီးတော့ စုယွမ် ကလည်း လက်တွေက သူ့အပိုင် မဟုတ်တော့ သလိုကို ခံစားနေရတယ်။

တာဝန်ပြီးသွားတဲ့နောက် စုယွမ်က သူ့ရဲ့လက်ကို ထိပ်ထိပ်ပျာပျာ နဲ့ သွားဆေးလေတယ်။ သူ့ရဲ့ လက်ကို အရေခွံခွာ မတက် ဖြူဖွေး လာတဲ့ အထိ ဆေးကြောပြီးတဲ့ နောက်မှာတော့ စုယွမ်က ပိုသက်သာသွား သလိုခံစားရလေတယ်။

မြွေတွေကို ထိတွေ့ပြီးသွားတဲ့နောက် စုယွမ် က နောက်ဆုံး တာဝန်ကို လက်ခံ ရရှိခဲ့တယ်။ အဲ့တာကတော့ တာဝန်တွေ အကုန်ပြီးသွားတာနဲ့ အပြီးသတ် တစ်ခု ကတော့ မြွေပေါက်စလေးတွေနဲ့ အတူ ဆော့ကစား ရမှာပဲ ဖြစ်လေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now