အပိုင်း (10.1)

3.3K 432 17
                                    

(10. 1)

မူးဝေနေတဲ့ စုယွမ် က ဟဲလျန်ချန်း ရဲ့ ပွေ့ထားခြင်းကို ခံနေရပြီးတော့ စုယွမ် က လေပေါမှာ ပေါလောမျော နေတယ်လို့ ခံစားရလေတယ်။ သူက တိတ်တိတ်လေး လှည့်ကာ သူ့ကို ဖက်ထားတဲ့ လူအား လှည့်ကြည့်လိုက်လေတယ်။

ထို မြွေရဲ့ အသားရည် အလှတရား က စုယွမ်ရဲ့ မျက်လုံး ထဲမှာ ပြီးပြည့်စုံ နေလေတယ်။ စုယွမ် က သူ့ကို ပိုပြီးတော့ ကြည့်လာလေလေ မြွေဘုရင် က သူ့အိမ်မက် ထဲက ငွေရောင်မြွေငယ်လေး နဲ့ ပိုပိုပြီးတော့ တူလာလေတယ်။ ကြည့်ရတာ အရမ်းကို ကြင်နာ တက်တဲ့ ဟန်လေးပဲ ဖြစ်လေတယ်။

ဒါပေမယ့် စုယွမ် က ခိုးကြည့်ပြီးတာနဲ့ အမြန်ပဲ အကြည့်လွဲလိုက်တယ်။ တော်ကြာ မြွေဘုရင်ကြီး သိသွားမှာ ကြောက်လို့ပဲ ဖြစ်လေတယ်။

ဒါပေမယ့် ဟဲလျန်ချန်း အဖို့ စုယွမ်ရဲ့ အကြည့်စူးစူးတွေကို ဘယ်လိုလုပ် ခံစား မမိပဲ နေမလဲ။

ဟဲလျန်ချန်း ရဲ့အတွေးထဲ မှာတော့ ထို ကိုယ်လုပ်တော် က သူ့ကို ကြိုက်သွားပြီပဲလို့ ထင်မိလိုက်တယ်။

ဒါပေမယ့် သူ့လိုမြွေဘုရင်က ယောကျာ်း ကိုလည်း မကြိုက်သလို မိန်းမ ကိုလည်း မကြိုက်ဘူး လေ။

အချိန် တစ်ချို့ ရှာပြီးရင်တော့ ထို ကိုယ်လုပ်တော်လေးကို သူသတိပေးရမယ်။

မဖြစ်နိုင်တာတွေ စိတ်ကူး မယဥ်ပဲနဲ့ ကိုယ်နဲ့ မသက်ဆိုင်တာ ကို မလိုချင်စေမိဖို့ပေါ့လေ။

သူတို့ နှစ်ယောက် က အခုလို ပေါင်းစည်း မိပြီး သေအတူ ရှင်မကွာ နေရတဲ့ အတွက် သူက ဒီမျိုးမစစ်လေးကို ဂရုစိုက် နေရတာ ဖြစ်ပေမယ့် သူတို့နှစ်ယောက် ကြား ဘာ တစ်ခြားခံစား ချက်မှ မဖြစ်လာသင့်ပါပေ။

( နင်ပဲပြောတာ နော် 🤣🐍❤)

အသက်ရှု ဆယ်နှစ်ကြိမ်လောက် ကုန်ပြီးသွားတဲ့ နောက်မှာတော့ သူတို့တွေ ဂိုဏ်းပေါင်းစုံနဲ့ ဆွေးနွေးမယ့် နေရာကို ရောက်လာခဲ့လေတယ်။

စုယွမ် က မတော်တဆနဲ့ မျက်နှာ မဲ့တဲ့ အမူအရာကို ဖော်ထုတ်မိလေတယ်။

သူ့အတွေးထဲမှာတော့ ဆွေးနွေးမယ့် နေရာဆိုတာ က တဲ တစ်ခု မှာ ဖြစ်ပြီးတော့ ထိုထဲ ကလည်း မသေမျိုး လောကရဲ့ အကောင်းဆုံး နေရာဖြစ်ကာ ဇိမ်ခံ ပစ္စည်းတွေ ရှိမယ်လို့ ထင်နေခဲ့တာ ပဲ ဖြစ်လေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now