အပိုင်း (26.2)

1.9K 273 8
                                    

(26.2)

အမျိုးသမီး သရဲ ခမျာ နာနာကျင်ကျင် ငိုကျွေးသံ ကြီး တစ်ခု ပေါ်လာ ခဲ့ ပြီးတော့ အသက်ရှု တစ်ရှိုက်စာ အတွင်း လုံးဝ ပြီးဆုံး တိတ်ဆိတ် သွားတော့တယ်။

ဟဲလျန်ချန်း က ရွေ့လျားတော့ မယ့် အချိန်မှာတော့ အဲ့အခိုးအငွေ့တွေက ကလေးကောင်းလေး တစ်ယောက် လို သိမ်မွေ့နာခံ နေပြီးတော့ ဟဲလျန်ချန်း ရဲ့ ကိုယ်ပေါ်က အနာ ထဲကို ပြန်ဝင် သွားကာ နောက်တစ်ခါ ထပ်မပြ ရဲတော့ပါပေ။

ဟဲလျန်ချန်း က စုယွမ်ကို အိပ်ယာပေါ် ဆီကို သယ်သွား ပြီးတော့ ချပေးလိုက်ကာ သူပါဘေး နားကနေ ဝင်ပြီးတော့ လဲချ လိုက်လေတယ်။

ဟဲလျန်ချန်း ခမျာ စုယွမ် ရဲ့ ဘေးနားကို လဲနေရုံလေးနဲ့တင် သူ့နှလုံးသား တစ်ခုလုံး ပြည့်သွားတယ် လို့တောင် ခံစား ရလေတယ်။

ဟဲလျန်ချန်း  က သူ့ရဲ့ လက်ကို ဆန့်ထုတ်ကာ တစ်ဖက် လူရဲ့ မျက်ခုံးမွှေးလေး ကို ငြင်သာစွာ ထိလိုက် လေတယ်။

တကယ်နွေးထွေး နေတဲ့ နွေးထွေးမှု လေး တစ်ခု က သူ့ရဲ့ လက်ချောင်း ထိပ်ကနေ သူ့ရဲ့ ရင်ဘက်ထဲက နှလုံးသား အထိ ဝင်ရောက် ပျံ့နှံ့ သွားလေတယ်။

သူ့ရဲ့ အေးစက်ပြီး အထီးကျန်နေတဲ့ နှလုံးသား လေး က နွေးထွေးမှုကို ခံစား ရစေလေတယ်။

'' မင်းကြောင့်ပဲ ကိုယ်ဟာလည်း အသွေးအသား နဲ့ စီးဆင်း တည်ဆောက်ထား တာ ပါလား ဆိုတာ သိခဲ့ရတယ်။ မင်းကြောင့်ပဲ ကိုယ့်နှလုံးသား က ခုန်လှုပ်လာပြီးတော့ ပျော်ရွှင်မှုတွေ၊ ဒေါသ ၊ ဝမ်းနည်းမှု နဲ့ အချစ် တွေဆိုတာ ကို ဒီကမ္ဘာကြီး မှာ ခံစား သိရှိလာရတယ်။ မင်း က ကိုယ့်ဘဝ ထဲကို ဝင်လာပြီးတဲ့နောက် မင်းကို ထွက်သွားခွင့် မပြုနိုင်ပါဘူး။ တကယ်လို့ မင်း ထွက်သွားချင်တယ် ဆိုရင် ကိုယ်လည်း ထွက်သွား မယ်။ ကိုယ့်ဘဝ နဲ့ ကိုယ့်အသက် ကိုပါ မင်း တစ်ခါတည်း သာ ယူသွားလိုက်ပါတော့ ''

ဟဲလျန်ချန်း က သူ့နှလုံး ကနေ နှလုံးသွေး တစ်စက် ထုတ်ယူ ပြီးတော့ အဲ့ပေါ်မှာ ရှုပ်ထွေးတဲ့ စည်းတံဆိပ် တစ်ခု ခတ်လိုက်ကာ စုယွမ်ရဲ့ ရင်ဘက်နား ဆီကို တွန်းပို့ပြီး ထည့်လိုက်လေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now