အပိုင်း (28)

1.6K 234 2
                                    

(28)

ဟဲလျန်ချန်း ရဲ့ မနာ လို သဝန်တိုတဲ့ အပြုအမှု ကို ဖော်ပြတာ ကတော့ သူ့ရဲ့ ဒဏ်ရာ တွေက ပိုပြီးတော့ကို ဆိုးဝါး လာစေတာ ပဲ ဖြစ် လေတယ်။

စုယွမ် က မနက်ခင်းပိုင်း မှာတော့ အရင်တိုင်း ပဲ ဟဲလျန်ချန်း ရဲ့ အနာတွေကို သွားပြီးတော့ စစ်ဆေး ကြည့်ခဲ့ လေတယ်။ အဲ့အချိန်မှာတော့ အနာ ပေါ်က အမဲရောင် မြူခိုးတွေက အရင်က ကျဲတု ဆေး မသောက်ခင် ကထက်တောင် ပိုပြီးတော့ ထူထဲလာ သလို ခံစား လိုက်ရတယ်။

ရုတ်ချည်း ပဲ သူ့ရဲ့ တစ်ကိုယ်လုံး က နေလို့ မကောင်းတော့ပါပေ။

သူက အဲ့တာ ကို မယုံကြည်နိုင်စွာနဲ့ အကြိမ်အတော် များများ ထိအောင် စစ်ဆေး ခဲ့လေတယ်။ ပြီးတော့မှသာ နောက်ဆုံးတော့ အဖြစ်မှန်ကို လက်ခံ လိုက်တော့တာ ပဲ ဖြစ်လေတယ် ။

ပိုပြီးတော့ ပြင်းထန် လာတယ် ဆိုတာ က ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာတဲ့လဲ?

မနေ့ ကပဲ အတော်လေး ကောင်းနေ သေးတယ် မဟုတ်ဘူး လား။

သူက ဒီအဆိပ်တွေကို တစ်လ အတွင်း ပျောက်ကင်း အောင် ကုသမယ်လို့ တွေးပြီး သွားပြီပဲ ဖြစ်တယ်လေ။

ရလဒ် တစ်ခု အနေနဲ့တော့ မနေ့က တိုးတက်မှုလေး တစ်ခု သာ ရှိပေမယ့် အခုကျတော့ ပိုပြီးတော့ ပြင်းထန် သွားပြီလေ။ ပြီးတော့ စုယွမ် က ချက်ချင်း ပဲ စိုးရိမ် ပူပန်မှု ပြည့်လာ ခဲ့လေတယ်။

ဟဲလျန်ချန်း က သူ့ရဲ့ မူလ မြွေပုံကို ပြောင်းထားပြီးတော့ အားနည်းစွာ ပဲ အိပ်ယာ ပေါ်မှာ လဲနေခဲ့ လေတယ်။ တစ်ဝက်သေ နေသလို မျိုး မြွေခေါင်းလေး ကို နိမ့်ချ ထားလိုက်ကာ ကြည့်ရတာ အရမ်းကို သနားစရာ ကောင်းနေလေတယ်။

ထို သနားစရာကောင်း တဲ့ မြွေလေး က အပြုံးလေး တစ်ခုကို ဖြစ်ညှစ် ထုတ်လိုက် ရကာ စုယွမ် ကို နှစ်သိမ့်ပေးဖို့ ကြိုးစား လိုက်တယ်။

'' အဲ့တာ က အဆင်ပြေ ပါတယ်။ မင်းတို့ လူသား တွေပဲ ပြောနေ ကြတာ မဟုတ်ဘူး လား။ အရာရာလုံး က ကံတရား အတိုင်းပဲဆို ပြီးတော့ အရာရာတိုင်း မှာ တိကျတဲ့ သတ်မှတ်ပေး ထားတဲ့ ကိန်းဂဏန်း ရှိတယ်ဆို။ သေခြင်း နဲ့ရှင်ခြင်း က အချိန် အကြာကြီး ကတည်း က သတ်မှတ် ထားပြီးသားပါ။ အခု ကိုယ် ဖြစ်နေတာ တွေ အကုန်လုံး က ကံတရားအတိုင်း ပဲ ဖြစ်နေတာ ကြောင့် မင်းကိုယ်မင်း အပြစ်တင် မနေ ပါနဲ့နော် ။ ဒီအချိန်မှာ မင်းက ကိုယ့်ဆီကို လာပြီးတော့ တက်နိုင်သမျှ ကုသ ပေး ခဲ့တယ်။ မင်းရဲ့ နှလုံးသား ကအရမ်းကို ကြီးကျယ်တာ ပဲ ''

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now