အပိုင်း (22.1)

2.1K 339 7
                                    

(22.1)

လမ်း တစ်လျောက်မှာ စုယွမ် က ဘာ အန္တရယ် မှ ကြုံမတွေ့ ခဲ့ရ ပါပေ။

စုယွမ် ရဲ့ မှော်စွမ်းအား တွေက ရုတ်တရက်ကြီး ကောင်းမွန်လာပြီး ပေါက်ကွဲ ထွက်လာ လို့တော့ ဘယ်သူကမှ သူ့နား မကပ် ရဲတာမျိုး  လုံးဝ မဟုတ်ပါပေ။ စုယွမ်က သေရမှာ ကို ကြောက်တဲ့ အတွက်ကြောင့် သူ့ကိုယ်သူ သူတောင်းစား လို ဟန်ဆောင်ခဲ့ လေတယ်။ ဘယ်သူ ကမှ သူ့ကို စိတ်မဝင် စားတာ ကြောင့် သူက ငွေရောင်မြွေကလန် ဆီကို လုံခြုံစွာနဲ့ သွားနိုင်ခဲ့တာ ပဲဖြစ်လေတယ်။

ငွေရောင်ရေခဲ မြွေကလန် က မြွေဘုရင်ရဲ့ အာဏာ အောက်မှာ ရှိတာ ဖြစ်တဲ့ အတွက်ကြောင့် သူ့ရဲ့ ဂုဏ်သတင်း တစ်ခုလုံးက ငွေရောင်မြွေ ကလန် တစ်ခု လုံးမှာ ပျံ့နှံ့ နေခဲ့လေတယ်။

ဒါပေမယ့် ​မြွေမျိုးနွယ် တွေအကုန်လုံးက ရွယ်ပင်း ( ရေခဲမြွေ) ကလန် မှာ ရှိကြတာ မျိုး မဟုတ်ပေမယ့် ရွယ်ပင်း ကလန် ရဲ့ အတွင်းပိုင်း ဧရိယာ မှာတော့ အင်အားကြီး မြွေမျိုးနွယ်စု တွေ ရှိလေတယ်။

ပြီးတော့ အနီးနားမှာလဲ မျိုးစပ် မျိုးနွယ်တွေ၊ လူသား မျိုးနွယ်တွေ ၊ မကောင်းဆိုးဝါး မျိုးနွယ်တွေနဲ့ စိတ်ဝိဉာဏ် အကောင် မျိုးနွယ်တွေ တည်ရှိလေတယ်။

မြွေဘုရင် ရဲ့ အာဏာ စက် အောက်မှာ ရွယ်ပင်း ကလန် က ရှိတဲ့ အတွက်ကြောင့် ဘယ်သူကမှ ပြဿနာ မရှာရဲပဲနဲ့ စည်းမျဉ်း တွေနဲ့ အမိန့်တွေက အတိအကျ လိုက်နာ ကြရလေတယ်။

စုယွမ် က အဝါရောင် သန်းနေတဲ့ အဝတ်စုတ် တွေ ဝတ်ထားပြီးတော့ ရွယ်ပင်း ကလန် ရှိရာ ဝင်ပေါက် လမ်းကို ရောက်လာပြီ ပဲ ဖြစ်လေတယ်။

လမ်းမ ပေါ်မှာ သက်ဝင် လှုပ်ရှားစွာ နဲ့ သွားလာနေကြ တဲ့ သူ ကို လမ်းဘေး နှစ်ဖက် နဲ့ အပြည့် တွေ့နိုင် ပြီးတော့ မျိုးနွယ်စု များစွာက အတူ တကွ ငြိမ်းချမ်းစွာ ယှဥ်တွဲ သွားလာ ကြပြီးတော့ သူ့လို လူကို ဘယ်သူ ကမှလည်း ကြည့်မလာ သလို အနိုင်ကျင့် ရန်ဖြစ်ချင် နေတဲ့ သူတွေ ကိုလည်း သူမတွေ့ခဲ့ ပါပေ။

စုယွမ် က လမ်းပေါ်မှာ သွားလာရင်း နဲ့ ရွယ်ပင်း ကလန်ထဲ ကို ဘယ်လို ဝင်ရမလဲ ဆိုတာ ကိုတွေးတော နေခဲ့လေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now