အပိုင်း (20.1)

2.2K 341 20
                                    

(20.1)

'' ဖေဖေ့........ ''

စုယွမ် က သူ့ရဲ့ ခေါင်းကို လှည့်ကာ သူ့ကလေးလေး က ဘယ်လို ပုံလေး လဲ ဆိုတာကို သိချင် စိတ်နဲ့ လှည့် ကြည့် လိုက်လေတယ်။

စုယွမ် က သူ့ဘေးမှာ ကလေးလေး တစ်ယောက် ကို တွေ့လိုက် ရပြီးတော့ အဲ့ ကလေးလေး က သာမန် လူသား ကလေး တွေနဲ့ ကွဲပြားနေတယ် ဆိုတာကို တွေ့လိုက် ရတယ်။

သူမလေး က ဆံပင်ရှည် အနက်လေး နဲ့ ချစ်စရာ မျက်လုံးလေး တွေ ရှိကာ မျက်နှာလေး က အပန်းရောင် သန်းနေလေတယ်။ သူမလေး က အရမ်း ကိုပဲ ချစ်စရာ ကောင်းပြီးတော့ နတ်သမီးလေး တွေနဲ့ တောင် တူကာ လှပနေလေတယ်။

ကလေးလေး ရဲ့ အပေါ်ပိုင်း က အနီရောင် ဝမ်းဗိုက် အကာလေး ဝတ်ထားကာ ခါး အောက်ပိုင်း ကတော့ ခြေထောက်တွေ အစား ငွေရောင်အမြီး ရှိနေလေတယ်။

( ဝမ်းဗိုက်အကာ = Belly Band)

ဒီအချိန်မှာ ငွေရောင် အမြီးလေး က ဝေ့ယမ်း နေကာ ထင်ထား သလို ကျောက်စရာ ကောင်း မနေ တဲ့ အပြင် ရေသူ မလေး နဲ့တောင် တူနေလေတယ်။

( မြွေမလေးပါဟာ။)

အကြည့် တစ်ချက်နဲ့တင် စုယွမ် က ဖမ်းစား ခံလိုက် ရလေတယ်။

ဒါက သူ့ရဲ့ သမီးလေး ပဲ!

ကြည့်ရုံနဲ့တင် သူမလေး က မျိုးစပ် မျိုးစိတ် ဆိုတာ တွေ့မြင် နိုင်တယ်။ လူသား မျိုးစိတ် နဲ့ သန့်စင်သော မြွေမျိုး စိတ်နဲ့ ပေါင်းစည်း လို့ ရလာတဲ့ မျိုးစပ် ပေါ့လေ။

ဒီအချိန်မှာတော့ စုယွမ် က တကယ်ကို မငြင်းဆို နိုင်တော့ပေ။ ဒါက မိုးကောင်းကင် ရဲ့ အကောင်းဆုံးသော စီစဥ်မှု ပဲ ဆိုတာ ကို သူလက်ခံ နိုင်လေတယ်။

သူ့မှာ ဒီလို နတ်သမီးလေးလို သမီးလေး ရလာတာ ဝမ်းမသာပဲ နေမတဲ့လား။

စုယွမ် က ပျော်ရွှင်စွာနဲ့ သမီးလေး ကို ချက်ချင်းပဲ ကောက်ပွေ့လိုက်တယ်။ ကလေးမလေး ကလည်း ဘယ်လောက်တောင် ပါးနပ်လိုက် သလဲ ဆိုတော့ သူမရဲ့ မြွေမြီးလေး နဲ့ သူမ ဖေဖေရဲ့ လက်လေးကို ပတ်ကာ သူမဖေဖေ လက်ပေါ်မှာ ထိုင်လိုက်လေတယ်။ ပြီးတော့ မျက်တောင်လေး ပုတ်ခက် ပုတ်ခက် လုပ်နေကာ ချစ်စရာ ကောင်းမှု ကြီးကို ရောင်းချ နေခဲ့တယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now