အပိုင်း (35)

1.3K 213 2
                                    

(35)

'' အကိုကြီး အားယန် ၊ ရှောင်ယွဲ့ နဲ့ ရှောင်ဟွေးဟွေး တို့က မရှိ ကြတော့ဘူး ''

စုယွမ် က အဲ့တာ ကို ကြားတော့ အတော်လေး ကို ပြာယာ ခတ် သွား လေတယ်။

ရှောင်ယွဲ့နဲ့ ရှောင်ဟွေးဟွေး ဆိုတာက ဒီကမ္ဘာမှာ သူပိုင်ဆိုင် ထားတဲ့ တစ်ခုတည်းသော ကလေးတွေ ပဲလေ။

တကယ်လို့ သူတို့ ဆီမှာသာ တစ်စုံတစ်ခု  ဖြစ်ပျက်ခဲ့ လို့ ကတော့ ဖြစ်လာမယ့် အကျိုးဆက် တွေကို သူခံနိုင်ရည် ရှိမှာ မဟုတ် ပါပေ။

တကယ်ကြီး တစ်ခုခု ဖြစ်ခဲ့ရင် သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ် နိုင်တော့မယ် လို့ မထင်မိဘူး။

'' အကိုကြီး အားယန်၊ အရမ်းကြီး စိတ်ပူ မနေပါနဲ့။ ကျွန်မ ဦးလေး နဲ့ ကျွန်မ ကလည်း သူတို့တွေ ကို အတူတူ သွားပြီးတော့ ကူရှာ ပေးပါ့မယ်။ ကျွန်မ ဦးလေး က အရမ်းကို စွမ်းအား ကြီးတာ လေ။ ကျွန်မ တို့ သေချာ ရှာရင် ရှောင်ယွဲ့ နဲ့ ရှောင်ဟွေးဟွေး တို့ကို ပြန်ရှာ တွေ့မှာပါ ''

ဒါပေမယ့် အဲ့တာက စုယွမ် ကို မနှစ်သိမ့်စေ ခဲ့ပါပေ။

သူ့ကလေး နှစ်ယောက် က ပျောက်ဆုံး သွားပြီ ဖြစ်တဲ့ အတွက် သူက ဘယ်လိုလုပ် မစိုးရိမ်ပဲ နေမှာ တဲ့လဲ။

'' အခု သွားကြစို့ ''

အဲ့အချိန် ခဏ လေးမှာတော့ စုယွမ် ကဘာကိုမှ ထပ်ပြီးတော့ မတွေးတော နိုင်တော့ ပါပေ။ ကလေး နှစ်ယောက် နဲ့ နှိုင်းယှဥ် လာရင် မြွေကြီး ဟဲလျန်ချန်း က ချောင်ထဲ ရောက်တဲ့ အထိကို ပစ်ထုတ် ခံလိုက် ရပါတော့တယ်။

သူ့ကလေး တွေနဲ့ အရာအားလုံးကို နှိုင်းယှဥ် လိုက်ရင် သူကိုယ်တိုင်တောင် အရေးမပါတော့ တာလေ။ မြွေကြီး ဟဲလျန်ချန်း က ဘာမလို့လဲ။

သဘာဝ ကျစွာနဲ့ပဲ ဖုန့်ဝူယိုး နဲ့ ဖုန့်ရှီးရှီးတို့ ကတော့ အဲ့တာ အတွက် ဘာမှ ထင်မြင်ချက် မရှိတဲ့ အပြင်  ပျောက်ဆုံးနေတဲ့ ကလေးလေး နှစ်ယောက်  ကို သွားပြီးတော့ သူတို့ ၃ ယောက် က သွားရှာ ကြတော့မှာ ပဲ ဖြစ်လေတယ်။

သူတို့က တံခါး ကိုလည်း ဖွင့်လိုက်ရော ဟဲလျန်ချန်း တစ်ယောက်  အပြေးလေး ဝင်လာ တာကို စုယွမ် က တွေ့ခဲ့ ရလေတယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now