အပိုင်း (20. 2)

2.4K 365 16
                                    

(20. 2)

ရှောင်ယွဲ့လေး က မေ့လဲ သွားတဲ့ သူမ ရဲ့ အဖေ ကို ကြည့် လိုက်ပြီး တော့ သူမရဲ့ မောင်လေးကို တစ်ချက် ပြန်ကြည့် လိုက်လေတယ်။

ကောင်လေး လေး က အခုမှ ဥခွံ ထဲကနေ ပြီးတော့ ခွဲထွက်လာတာ ဖြစ်တာ ​ကြောင့် သူက စပ်စုလိုစွာ  ရှောင်ယွဲ့ နဲ့ စုယွမ် ဆီကို ကြည့်လိုက်ကာ  သူ့ ခေါင်းလေး ကို စောင်းလိုက် ပြီးတော့ ' ဟစ်စ်စ် ' လို့ လုပ်လိုက်တယ်။

မြွေအနီရောင် ခေါင်းလေး က တစ်ခဏ တုန့်ဆိုင်း သွားတယ်။

ကံကောင်းစွာနဲ့ စုယွမ် က မေ့လဲ နေလို့ပေါ့ ။ မဟုတ်လို့ ကတော့ အခု မြင်ကွင်း ကို တွေ့တာ နဲ့တင် ချက်ချင်း ပဲ မေ့လဲ သွားလောက် လေတယ်။

ဟုတ်ပါတယ်။

အသစ်မွေးလာတဲ့ သားသားလေး က ငွေရောင် မြွေခေါင်းနဲ့ လူကိုယ် ရှိတဲ့ ကောင်လေး တစ်ယောက် ပဲ ဖြစ်လေတယ်။ ပြီးတော့ အခွံထဲက အခုမှ ထွက်လာတာ ဖြစ်လို့ သူ့ရဲ့ ခေါင်းလေး က နီတယ်လို့ ထင်နေရတယ်လေ။  သူက သူ့ဖေဖေ ကိုပဲ တိုက်ရိုက် စိုက်ကြည့် နေခဲ့တယ်။

ရှောင်ယွဲ့ ခမျာ သူမရဲ့ မောင်ငယ်လေး ကို ကြည့်လိုက် ပြီးတော့ စကားတစ်ခွန်း နဲ့ ပြောဖို့တောင် ခက်ခဲ နေခဲ့တယ်။ သူမရဲ့ ဖေဖေ က ဘာလို့ မေ့လဲ သွားတာ လဲ ဆိုတာကို သူမ နားလည် ပေးနိုင် ပါတယ်။

ဒါပေမယ့် သူမ ကတော့ လုံးဝ မကြောက်ပါ ဘူး။ ဘာလို့လဲ ဆိုတော့ သူမရဲ့ ကိုယ်ထဲ မှာလည်း မြွေသွေး တွေက စီးစင်း နေတယ်လေ။

ဘယ်လိုပဲ ဖြစ်ဖြစ် လေ သူမရဲ့ အလှတရားက သူမရဲ့ ဖေဖေ တွေ ဆီ ကနေ ပြီးတော့ ဆက်ခံ ထား တာကြောင့် သူမရဲ့ မောင်လေး ရုပ်သွင်ကို မြင်လိုက် ရတဲ့ အချိန်မှာတော့ အတော်လေး ရုပ်ဆိုး လိုက်တာ လို့ တွေးမိလေတယ်။

ဒီလောက်ထိ ရုပ်ဆိုးတဲ့ မောင်လေး ကို သူမလည်း မလို ချင်ပါဘူးနော်။

ဒါပေမယ့် သိသိသာသာ ကိုပဲ သူမရဲ့ ​မောင်လေး က အဲ့တာ ကို လုံးဝ သဘောမပေါက် ဘူးလေ။ သူက သူ့ခြေထောက် ဖောင်ဖောင်းလေး နှစ်ခုနဲ့ လမ်းလျောက်လာကာ ရှောင်ယွဲ့ နားကို ရောက်ပြီး လက်လေး တွေနဲ့ ဆွဲရင်း ရှောင်ယွဲ့ အပေါ်ကို တက်လို ခဲ့တယ်။

အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now