Chapter (493)"ခက်ခဲမှု"

223 21 0
                                    

Chapter (493)

“ခက်ခဲမှု”

“ဟူး . . .”

ဖန်ဧကရာဇ်၏ တတိယအကြိမ်မြောက် သက်ပြင်းတွင် မွန်းကြပ်မှုများ အပြည့်ပါဝင်နေလေသည်။ သက်ပြင်းရှည်ကြီးကို ချလိုက်ခြင်း ဖြစ်သည်။

လင်းဝုရှဲ့တစ်ယောက် ဖန်ဧကရာဇ်အား ကြည့်ရင်း အတော်ပင် လန့်နေမိပြီဖြစ်သည်။

(သက်ပြင်းချတာကို ငါမုန်းတယ် . . .)

ဖန်ဧကရာဇ်၏ သက်ပြင်းချသံကြောင့် သူ၏ ငယ်ဘဝကိုပင် သတိရသွားမိခဲ့သည်။ လင်းဝုရှဲ့သည် ငယ်ရွယ်စဉ်ကတည်းက လူပေါ်ကျော့ တစ်ဦးကဲ့သို့သာ နေထိုင်ခဲ့သည်။ သူ၏မိသားစုသည် သူ့ကို အသုံးမဝင်သော လူငယ်တစ်ဦးဟုသာ ထင်မှတ်ကြသဖြင့် အချိန်တိုင်း ဆူပူ၍သာ နေခဲ့သည်။ ထိုသို့ သူမဟုတ်တာ တစ်ခုခု လုပ်မိ၍ မိဘများ ပြန်သိသွားတိုင်း လင်းဝုရှဲ့၏ မိခင်သည် သက်ပြင်းချစမြဲဖြစ်သည်။

မွန်းကြပ်မှုများ အပြည့်ဖြင့်ပင် သက်ပြင်းချခြင်း ဖြစ်သည်။ ယခုဖန်ဧကရာဇ် သက်ပြင်းချသည်နှင့်ပင် အတိအကျ တူနေသည်ဟု လင်းဝုရှဲ့၏ စိတ်ထဲတွင် ထင်မြင်နေမိလေသည်။

သို့သော် ခံစားချက်ခြင်းတော့ မတူပေ။ သူ၏ အမေ သူ့ရှေ့တွင် သက်ပြင်းချသောအခါ လင်းဝုရှဲ့စိတ်ထဲတွင် နာနာကျင်ကျင် ခံစားချက်မျိုး ခံစားမိသည်။

ထို့ကြောင့် တတ်နိုင်သမျှ ပြောင်းလဲနိုင်သမျှ ပြောင်းလဲ၍ မိခင်ဖြစ်သူ ပျော်ရွှင်အောင် ကြိုးစားပေးခဲ့သည်။ သို့သော် တစ်ခါတရံ လူငယ်ဆိုသည့်အတိုင်း အမှားများ ပြုလုပ်မိပြန်လေသည်။ ထိုအခါ အမေ၏ သက်ပြင်းချသံကို ကြားရပြန်သည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုသက်ပြင်းချသံသည် သူ၏ နားထဲတွင် စွဲမြဲ၍ နေလေသည်။ ဝမ်းနည်းမွန်းကြပ်ဟန်ဖြင့် သက်ပြင်းချသံကြားတိုင်း လင်းဝုရှဲ့တစ်ယောက် ရင်တုန်ရစမြဲဖြစ်သည်။ ထိုသက်ပြင်းချသံကြောင့် သူပါအလိုလို ဝမ်းနည်းမိလာသည်။ သူမည်မျှထိ ကောင်းအောင် ကြိုးစားစေကာမူ သူ့ကိုယ်သူ အပြစ်ရှိသော လူတစ်ဦးလိုသာ ခံစားရသည်။ ဝမ်းနည်းသလိုလည်း ခံစားရသည်။ အပြစ်မလုပ်မိအောင် အစွမ်းကုန် ကြိုးစားမည်ဟု မိုးကောင်းကင်ကိုပင် တိုင်တည်မိချင်လာမိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now