Chapter (755)"လုယူကြခြင်း"

178 17 0
                                    

#ရဲရှောင်ကို လုနေကြပြီ ဘယ်ဂိုဏ်းက  ရသွားမလဲ ဆိုတာတော့ စိတ်ဝင်စားစရာပဲ

Chapter (755) (စာစဉ် ၅၄- အပိုင်း၁၁)

“လုယူကြခြင်း”

ယခုကမ္ဘာတွင် ရဲရှောင်မှာ လူသစ်လိုပင် ဖြစ်နေသည့် အတွက် သိမ်းသွင်း စည်းရုံး၍ လေ့ကျင့်ပေးရန်မှာ ပို၍ လွယ်ကူနိုင်ကြောင်း လူများ၏ စိတ်ထဲတွင် တွေးထင် နေမိ ကြသည်။

ရဲရှောင်အနေဖြင့် ယခုအချိန်တွင် မည်သည့်ဂိုဏ်းကိုမျှ သစ္စာ စောင့်သိရခြင်း မရှိသေးသဖြင့် ၎င်းတို့ဘက်ကိုသာ သိမ်းသွင်း စည်းရုံးနိုင်လိုက်မည် ဆိုပါက အကျိုးဖြစ်ထွန်း စေနိုင်သည် မဟုတ်ပါလား။

လူသစ်ကလေး ဖြစ်သော ရဲရှောင်မှာ  စာရွက် အလွတ် တစ်ရွက်ကဲ့သို့ မည်သူနှင့်မျှ ပတ်သက်ဆက်စပ်မှု မရှိသေး သော အဖြူထည် လုံးလုံးပင် ဖြစ်နေသေးသည်။

မည်သည့်ဂိုဏ်းကမဆို သူ့ကို စည်းရုံး သိမ်းသွင်းနိုင် လိုက်ပါက ထိုဂိုဏ်းအဖို့ အလားအလာ များစွာ ရှိသွားနိုင် ပေသည်။

ထို့အပြင် ရဲရှောင်မှာ ရွှေအကြေးခွံနဂါးငါးကို စား ထားသည့် လူပင် မဟုတ်ပါလား။

သူတို့အားလုံး မအောင်မြင်ခဲ့ကြရသည့်တိုင် အမြုတေ ကို စားနိုင်ခဲ့သည့် လူအား စည်းရုံးသိမ်းသွင်းနိုင်လိုက်မည် ဆိုပါက အနာဂတ်တွင် ၎င်းတို့၏ ဂိုဏ်းအတွက် အကျိုး များစွာ ဖြစ်ထွန်း သွားပေလိမ့်မည်။

တကယ်တမ်းတွင် ငါးကို မဖမ်းနိုင်ခြင်းထက်စာလျှင် တစ်စုံတစ်ဦးမှ စားလိုက်နိုင်သည့်အတွက် တော်ပါသေး သည်ဟုပင် တွေးရပေမည်။

ထိုလူကို ဂိုဏ်းသို့ အပါခေါ် သွားနိုင်မည် ဆိုပါက ရလာဒ်မှာ အတူတူပင် မဟုတ်ပါ လား။

အဘိုးကြီးမှ ပြောလိုက်ပြီးနောက် ကျန်သော လူများ အားလုံးမှာလည်း ချက်ချင်းပင် သဘောပေါက်သွားကြ၏။

“ကောင်လေး . . .”

“မင်းက ပါရမီ ရှိတဲ့ ကောင်လေးတစ်ယောက်ဆိုတာ ငါသိနေတယ်။ ဒီမှာကြည့် ငါတို့ရဲ့ နေရောင်ဂိုဏ်းက မင်း အတွက် အသင့်တော်ဆုံးပဲ။ ငါတို့က ချင်းရန်နယ်ပယ်ရဲ့ ဂိုဏ်းကြီး ခုနှစ်ဂိုဏ်းထဲက တစ်ဂိုဏ်းအပါအဝင်ပဲ။ ငါတို့ မင်းကို လုံလောက်တဲ့ အရင်းအမြစ်တွေ ထောက်ပံ့ပေးမယ် လို့ ကတိပေးတယ်။ မင်းရဲ့ လုံခြုံမှုနဲ့ ပတ်သက်ပြီးတော့ လည်း စိတ်ပူစရာမလိုဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now