Chapter (749)"ရွှေအကြေးခွံနဂါးငါး"

185 17 0
                                    

#ချင်းရန်ရောက်ရောက်ချင်း ထူးဆန်းတဲ့ သားရဲတစ်ကောင်နဲ့ တွေ့ပြီး ဘာတွေ ဆက်ဖြစ်မလဲ သိပ်ကို စိတ်ဝင်စားဖို့ ကောင်းနေပြီ

Chapter (749) (စာစဉ် ၅၄- အပိုင်း၅)

“ရွှေအကြေးခွံနဂါးငါး”

“ဟိုမှာပဲ လမ်းပိတ်ထားကြဟေ့ . . .”

“မလွတ်စေနဲ့ဟေ့ . . .”

“ငါတွေ့ပြီ . . . ငါတွေ့ပြီ . . .”

“ဘာလို့ မင်းမဖမ်းလိုက်နိုင်ရတာလဲ အဲဒါက မင်းရှေ့ မှာပဲ မဟုတ်ဘူးလား . . .”

“ငါကမဖမ်းချင်လို့ မဖမ်းတာများ ထင်နေတာလား။ မြန်လွန်းတယ်လေကွာ။ ဟိုမှာ . . . ဟိုမှာ လာနေပြီ . . .”

“အားလုံး အာရုံစိုက်ထားကြဟေ့ သတိလည်း ထားကြ ဦး . . .”

အော်ဟစ်သံများမှာ တစ်သံပြီးတစ်သံ ထွက်ပေါ်လာ ကြပြီး ထိုနေရာတစ်ဝိုက်တွင် ဆူညံနေလျက် ရှိ၏။

လူအများ အော်ဟစ်နေသည်ကို ကြားလိုက်ရသောအခါ ရဲရှောင်လည်း တစ်ခုခု ဖြစ်နေပြီကို သိလိုက်သည်။

ပိုလာရေခဲမြစ်ပေါ်တွင် ရောက်နေသော ရဲရှောင်သည် အခြေအနေများကို ခြုံငုံသုံးသပ်ကြည့်လိုက်သည်။

ထို့ နောက် ရဲရှောင်လည်း ရေခဲအောက်ခြေရှိ ရေပြင်သို့ ငုံ့၍ ကြည့်လိုက်သောအခါ ထင်ထားသည့် အတိုင်းပင် တစ်စုံ တစ်ခုကို တွေ့ရှိလိုက်ရသည်။

ရေခဲအောက်တွင် အနီရောင်အရိပ်တစ်ခုကို မြင်တွေ့ လိုက်ရခြင်းဖြစ်ပြီး အလွန်လျင်မြန်သောနှုန်းဖြင့် ကူးခပ်နေ ခြင်းဖြစ်၏။

စတွေ့တွေ့ချင်းတွင် သူ၏ ဘယ်ဘက်အခြမ်း ပေငါး ဆယ်လောက်အကွာတွင် တွေ့လိုက်ရခြင်း ဖြစ်သော်လည်း ချက်ချင်းဆိုသလိုပင် သူ၏ ညာဘက်အခြမ်း ပေထောင်ချီ အကွာအဝေးခန့်သို့ ရောက်ရှိသွားခဲ့သည်။

ထိုမျှလောက်ထိ မယုံနိုင်ဖွယ်ကောင်းသော အမြန်နှုန်း ကို ပိုင်ဆိုင်ထားသော အရာသည် မည်သည့်အရာ ဖြစ်ပါ မည်နည်း။

အလွန်လျင်မြန်သော သက်ရှိတစ်ကောင်ပင် ဖြစ်၏။

“ရွှစ် . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now