Chapter (777)"အခိုက်အတန့်မျှသော ငြိမ်းချမ်းမှု"

163 14 0
                                    

Chapter (777)(စာစဉ် ၅၆- အပိုင်း၅)

“အခိုက်အတန့်မျှသော ငြိမ်းချမ်းမှု”

လူတစ်ရာကျော် ရွာထဲသို့ ဝင်လာသည်ကို မည်သူမှ ကြည့်မနေ။

ချွင်းချက်အနေဖြင့် ကလေးငယ်တစ်ဦးသာ တံခါးဝ တွင် ရပ်၍ ပြူးကျယ်သော မျက်လုံးများနှင့် ကြည့်နေ သည်။

ထိုအခိုက်အတန့်မှာ ခဏမျှသာ။

အမျိုးသမီးတစ်ဦးမှ ကလေးငယ် လက်ကို ဆွဲ၍ တံခါး ကို ဂျိမ်းခနဲမြည်အောင်ပင် ပိတ်ချလိုက်သည်။

တံခါးနောက်မှ ဆူပူကြိမ်းမောင်းသံက -

“ခွေးကောင်လေး . . .”

“နင်သေချင်နေလို့လား . . .”

“သူတို့က . . .”

ရှောင်မူဖေ့ သက်ပြင်းသာချလိုက်ရင်း ဘာလုပ်ရမှန်း မသိတော့။

ထို့ကြောင့် နားခိုရမည့် အိမ်သို့သာ ဖြည်းညှင်းစွာ သွားလိုက်တော့သည်။

ရဲရှောင် အိမ်ရှေ့မှ ဖြတ်သွားသည့်အချိန် ကလေးငယ် ကို မြင်တွေ့လိုက်ရသည်။

ထိုကလေးငယ် စီးထားသော ဖိနပ်မှာ ဟောင်းနွမ်းစုတ် ပြတ်နေပြီး ခြေချောင်းများပင် ဖိနပ်အပြင်သို့ ထွက်နေ သည်ကို စိတ်မကောင်းစွာ မြင်လိုက်ရသည်။

ထို့နောက် -

ရဲရှောင် သူ၏ လက်ကို ဝေ့ယမ်းပြီး အိမ်ထဲသို့ ရွှေပြား အချို့ကို ပစ်ပေးလိုက်သည်။

“ကလေးလေးအတွက် ဖိနပ်အသစ်လေး တစ်ရံ ဝယ် ပေးလိုက်ပါဗျာ . . .”

ရဲရှောင် အပြုံးဖြင့် ပြောလိုက်သည်။

ဟင်းလင်းပြင်ရှိ ရွှေပြား၊ ငွေပြားများမှာ နိုင်ငံတစ်နိုင်ငံ ကိုပင် တစ်နှစ်လောက်အထိ ထောက်ပံ့ပေးနိုင်သည်အထိ များပြားလှသည်။

ကျင့်ကြံမှု လောကမှ သူလို ပညာရှင်အတွက် ရွှေငွေ များမှာ တန်ဖိုး မရှိသော်လည်း ဆင်းရဲချို့တဲ့သည့် မိသားစု အတွက်မူ လေးငါးနှစ်ခန့် အသက်ဆက်နိုင်စွမ်း ရှိသည်။

ပမာဏများစွာ ပေးလိုက်လျှင် ထိုမိသားစု၏ အသက် အန္တရာယ် ထိခိုက်နိုင်သည့်အတွက် ယခုပေးလိုက်သည့် ပမာဏမှာ သင့်တင့်လှသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now