Chapter (500)"မလုံလောက်သေးဘူး"

231 19 0
                                    

မိုးကောင်းကင်အောက် မှ ကလဲ့စား

Chapter (500)

“မလုံလောက်သေးဘူး”

လင်းဝုရှဲ့ အံ့ဩသွားသည်။ ထို့နောက် တည်ငြိမ်သော လေသံဖြင့် -

“ကောင်းပြီ . . .”

ထိုအခိုက် ဖန်ဧကရာဇ် အဘယ်ကြောင့် ရုတ်တရက် စိတ်ပြောင်းသွားသည် ဆိုသည်ကို သူနားလည် သွားသည်။ ထို့ကြောင့်ပင် သူ၏ စိတ်ထဲမှနေ၍ လှိုက်လှိုက်လှဲလှဲ ချီးကျူးမိလိုက်သည်။

(ငါထင်သလိုပဲ ဖြစ်လို့နေမှာပါ . . .)

*****

နောက်ဆုံးတွင် ရဲရှောင်တို့သည် လိုအပ်သော အခြေအနေ အားလုံးကို သဘောတူညီခဲ့ကြပြီး ဖြစ်သည်။

“လက်ဖက်ရည်ကြမ်းလေးဘာလေး သောက်ကြဦးလေ . . .”

ရဲရှောင် ခွက်ကိုမြှောက်ပြလိုက်ရင်း ပြောလိုက်သည်။ သူ၏ပုံစံသည် အလွန်ယဉ်ကျေး ပျူငှာသော ပုံစံမျိုး ဖြစ်နေပြီး သူတို့ ၃ ယောက်လုံးမှာ တစ်ဦးနှင့်တစ်ဦး မိတ်ဆွေရင်းချာများ ကဲ့သို့ ဖြစ်နေလျက်ရှိသည်။

လက်ဖက်ရည်ကြမ်း သောက်လျက် ရှိနေကြသော်လည်း လက်ဖက်ရည်ကြမ်း၏ အရသာကို စိတ်မရောက် ကြချေ။

လင်းဝုရှဲ့၏ စိတ်ထဲတွင်မူ ကျိန်ဆိုနေမိသည်။

(အခုကစပြီး ငါ့လက်ကျန် ဘဝတစ်လျှောက်လုံး ဒီလိုလူမျိုးနဲ့ နောက်ထပ် ဘယ်တော့မှ မဆွေးနွေး မညှိနှိုင်းရပါစေနဲ့။ ငါ့ဘဝကို ချောက်ထဲ ပြုတ်ကျသွားအောင်ကို လုပ်နိုင်စွမ်းရှိတာပဲ။ နောက်ပြီး တောင်းဆိုမှုတွေ ဆိုတာလည်း ကြောက်မခမ်းလိလိပါလား . . .)

*****

ထိုအခိုက် မြို့ပြင်ဘက်ရှိ တိုက်ပွဲများသည်လည်း တဖြည်းဖြည်း ပြီးဆုံးသွားသည်။

တခြားသော နိုင်ငံ ၂ ခုမှ ချန်နိုင်ငံတော်၏ မြို့တော်အား အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ထို့အပြင် အများစုမှာ လင်းပါအိုကို စိတ်ဝင်စားသောကြောင့် ရောက်လာကြခြင်း ဖြစ်၏။

လင်းပါအိုသာ ကျရှုံးသွားလျှင် ထိုလူများသည် ချန်နိုင်ငံတော်အတွင်း အနှောင့်အယှက်များစွာ ပေးကြမည်သာ ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now