Chapter (780)"ကျုပ်က ဆေးပညာရှင်"

173 14 0
                                    

Chapter (780)(စာစဉ်၅၆- အပိုင်း၈)
“ကျုပ်က ဆေးပညာရှင်”

မထင်မှတ်ထားသော ခွင့်လွှတ်မှု။

ထိပ်သီးပညာရှင် တစ်ယောက်ကို မသမာသောနည်း ဖြင့် သေစေနိုင်လောက် သည်အထိ တိုက်ခိုက်ခဲ့သော် လည်း ထိုလူမှ သူမအား ကြင်နာမှုအပြည့်ဖြင့်ပင် ခွင့်လွှတ် ပေးခဲ့သည်။

သတ်ဖြတ်ခြင်း၊ ညှင်းဆဲခြင်းအလျဉ်းမရှိ။
ရတနာပစ္စည်းများစွာကိုပင် ပေးနေပါသေးသည်။

ထိုသို့ ဖြစ်လာလိမ့်မည်ဟု သူမ ထင်ထားပုံမရ။

မိန်းကလေး နားမလည်နိုင်ခြင်းများစွာဖြင့်-

“ဘာလို့လဲ . . .”

သူမ သိလိုစိတ် ထိန်းမရတော့။

သူမ ပါမက ရှိနေသော လူအားလုံး မေးခွန်း၏ အဖြေ ကို သိချင်နေကြသည်။

ရှောင်မူဖေ့ မျက်လုံးအစုံကို မှိတ်လိုက်ပြီမချိတင်ကဲဖြင့် -

“ဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး . . .”

“ငါမင်းကို မသတ်ချင်လို့ပါ . . .”

“ဘာကြောင့် ခွင့်လွှတ်တာလဲဆိုတဲ့ မေးခွန်း အတွက် တော့ အကြောင်းပြချက် မလိုပါဘူး . . .”

မိန်းကလေးမှာ ကျောက်ရုပ်အလား မလှုပ်မယှက်ပင် ရှိနေသည်။

ထို့ကြောင့် ရှောင်မူဖေ့လည်း ဒေါသတကြီးဖြင့် -

“မင်းဘာလို့ ခုထိ မသွားရသေးတာလဲ . . .”

“မင်းက သိပ်သေချင်နေတာလား . . .”

ထိုအခါမှ မိန်းကလေး အသိပြန်ကပ်သွားပြီး ချက်ချင်းပင် ရှောင်မူဖေ့ရှေ့ ဒူးထောက် တောင်းပန်လိုက်သည်။

ထို့နောက် . . .

တိုးညှင်းသော အသံဖြင့် -

“ကျွန်မ တောင်းပန်ပါတယ် . . .”

“ကျေးဇူးလည်း တင်ပါတယ် . . .”

ထိုသို့ ပြောပြီးသည်နှင့် အဝေးသို့ လျင်မြန်စွာ ပြေး ထွက် သွားတော့သည်။

ကျန်လူများမှာ မိန်းကလေးနောက်သို့ လိုက်မည် အလုပ် ရှောင်မူဖေ့မှ ခွင့်မပြုခဲ့ပေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now