Chapter (752)"ကံဆိုးသော ကောင်လေး"

183 18 0
                                    

Chapter (752)(စာစဉ် ၅၄- အပိုင်း၈)

“ကံဆိုးသော ကောင်လေး”

မကြာခင် သေဆုံးကြရတော့မည်ကို သူတို့ အားလုံး သိနေကြသည်။

ယခုအချိန်တွင် ထိုလူများအနေဖြင့် သက် တန့်ဂိတ်တံခါး ပေါ်လာသည်ကိုသာ မျက်လုံး အပြူး သားဖြင့် ငေးကြည့်နေရုံသာ ရှိတော့သည်။

အဆိုပါ သက်တန့်ဂိတ်တံခါးသာ အပြည့်အဝ ပေါ်လာ မည်ဆိုပါက သူတို့၏ အသက်လည်း ဆုံးရှုံးသွားနိုင်သည်ကို ကောင်းစွာ သိနေကြ၏။

သူတို့အတွက် လုပ်နိုင်သည့် အရာဟူ၍ ဘာမှမရှိတော့ချေ။

ရွှေအကြေးခွံနဂါးငါးသည် သူတို့ ခြေထောက် အောက် ရှိ ရေခဲပြင်အောက်တွင် ရှိနေသည်ကို တွေ့နေကြရသည့် တိုင် ရေခဲပြင်ကိုလည်း မထိုးဖောက်နိုင်ခဲ့ကြချေ။

သက်တန့်ဂိတ်တံခါး ပေါ်လာပြီးသည်နှင့် ငါးမှာ သက်တန့်ဂိတ်တံခါးသို့ လျင်မြန်စွာ ခုန်တက်၍ နဂါးတစ် ကောင်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပေတော့မည်။

ထိုအခါ ရပ်တန့်ရန် သူတို့အနေဖြင့် စွမ်းနိုင်ကြတော့မည် မဟုတ်ချေ။

ရွှေအကြေးခွံနဂါးငါးကြီးသည် ချင်းရန်နယ်ပယ်ရှိ မည် သူ့ကိုမဆို သတ်ဖြတ်နိုင်သော အစွမ်းမျိုးရှိသည့် ကြောက် မက်ဖွယ်ကောင်းသည့် သားရဲဆိုသည်ကို လူတိုင်း သိကြ သည်။

သို့သော် ထိုဇာတ်လမ်းမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က ဖြစ်ခဲ့သည့် ဇာတ်လမ်းပင် ဖြစ်၏။

လက်ရှိတွင် ငါးတစ်ကောင်အဖြစ်သာ မြင်တွေ့နေကြ ရသည့်အတွက် မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းလှ သည်ကို မမှန်းဆနိုင်ကြချေ။

ငါးကို ဖမ်းဆီးနိုင်ခဲ့သည့် လူတစ်ယောက် ရှိခဲ့သည့်တိုင် ယခု လူများမှာမူ မဖမ်းဆီးနိုင်ခဲ့ချေ။

ငါးမှ နဂါးအဖြစ်သို့ ပြောင်းလဲသွားလျှင်ပင် သူတို့ သေကြရပေဦးမည်။

(ငါတကယ်ပဲ ဒီမှာ သေရတော့မယ်ပေါ့ . . .)

စိတ်ဓာတ်ကျနေသော လူများအားလုံးသည် ထိုတူညီ သော အတွေးမျိုးကိုသာ တွေးနေမိကြ၏။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now