833--834

195 16 0
                                    

Chapter (833)(စာစဉ် ၆၀- အပိုင်း၅)

“ဘယ်သူ သိနိုင်မှာလဲ”

“အင်း . . .”

“ငါက ငါ့ကိုယ်ငါတောင် သတ်သေချင်နေတာ . . .”

ကျွင့်ယင်းလျန်က ပြောလိုက်သည်။

“တမလွန်ခရီးက အရှည်ကြီး ဖြစ်နေမှာပဲ။ သူကတော့ အရင်ထွက်သွားနှင့်ပြီ။ ငါသူ့ကို အချိန်အကြာကြီး တစ်ယောက်တည်း ပစ်မထားချင်ဘူး . . .”

“ငါအသက်ရှင်နေသေးတယ် ဆိုတာကလည်း လုပ်စရာ တွေ အများကြီး ရှိနေသေးလို့ပဲ။ အခုတော့ ငါလုပ်စရာတွေ အကုန်လုံးကို လုပ်ပြီးသွားပြီ . . .”

“နောက်ဆုံး လုပ်စရာက မင်းကို ထပ်တွေ့ဖို့ပဲ . . .”

“ညီမလေး . . .”

“ငါနောင်တမရချင်ဘူး ဒါပေမယ့် ငါသေသွား ရင်တောင် ငါ့ဂုဏ်သိက္ခာ မကျချင်ဘူး။ အဲဒီဂိုဏ်းကြီး သုံးခုက လူတော်တော်များများကို သတ်နိုင်မှသာ ငါ့အတွက် စိတ်ဖြေနိုင်လိမ့်မယ် . . .”

ကျွင့်ယင်းလျန်က အသက် ပြင်းပြင်းရှူရင်း ပြောလိုက် သည်။

“ကြီးမြတ်တဲ့ ရှောင်ဧကရာဇ်တစ်ယောက် သေသွားရ တာတောင် သူ့အတွက် ကလဲ့စားချေပေးနိုင်မယ့်လူ မရှိဘူး ဆိုတဲ့ အဖြစ်မျိုး ငါအဖြစ်မခံနိုင်ဘူး . . .”

“သူသေသွားခဲ့တာ တစ်နှစ်ကျော်ပြီ။ တစ်ကမ္ဘာလုံးက သူ့ကို ပြန်အမှတ် ရနေတာမျိုး ငါဖြစ်စေချင်တယ် . . .”

“ချင်းရန်နယ်ပယ်က လူတိုင်း အဲဒီ နာမည်ကို ပြန်ခေါ် တာမျိုး ငါပြန်လိုချင်တယ် . . .”

ကျွင့်ယင်းလျန်က အပြင်ဘက်ရှိ အုတ်ဂူကို ကြည့်ရင်း ပြောလိုက်သည်။

မျက်လုံးများကလည်း အရောင်တဖိတ်ဖိတ် တောက်ပ နေသည်။

ထိုအုတ်ဂူက ပေသုံးဆယ်မြင့်ပြီး ဆယ်ပေခန့် ကျယ် သည်။

အုတ်ဂူတစ်ခုလုံးကိုလည်း ခရမ်းရောင် တိမ်တိုက် ကျောက်ဖြင့် ပြုလုပ်ထားသည်။

ထိုအုတ်ဂူပေါ်တွင် စာလုံးအချို့ ရေးထွင်းထားသည်။

“ကမ္ဘာပေါ်မှာရှိတဲ့ သူရဲကောင်းတွေကို ရယ်မောခြင်း”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now