Chapter (721)"ကံကြမ္မာလေလား"

173 17 0
                                    

Chapter (721) (စာစဉ် ၅၂ - အပိုင်း၇)

“ကံကြမ္မာလေလား”

ဝရမ်ချူးချူး သက်ပြင်းချလိုက်ကာ -

“ရှင် ထင်ထားခဲ့သလိုပဲ ကျွန်မတို့အားလုံး လုပ်နိုင်ခဲ့ကြတယ် . . .”

“ဒါပေမယ့် မီးတောက်တွေ သံတောင်ကုန်းရဲ့ ထိပ်အထိ လောင်ကျွမ်းသွားတဲ့ အချိန်မှာ ကမ္ဘာကြီး တစ်ခုလုံး ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်မတို့ မထင်ထားခဲ့ကြဘူး"

"အရမ်းကို အရိုးကွဲလုမတတ် အေးစက်တဲ့ အအေးဓာတ်တွေက ရုတ်တရက်ကြီး ရောက်လာခဲ့တယ်"

"မိုင်ရာချီပတ်လည်ကို လောင်ကျွမ်း နေတဲ့ မီးတောက်တွေအားလုံးကို အဲဒီ ရေခဲတွေက ဖုံးအုပ်သွားတယ်။ မြေပြင်တောင်မှ အေးစက်မှုကြောင့် အက်ကွဲသွားခဲ့ရတယ် . . .”

“နွေရာသီဆိုတော့ ကျွန်မတို့ လူတွေအားလုံးက ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကိုပဲ ဝတ်ထား ကြတာ။ အဲဒီတော့ အရမ်းအေးတဲ့ ဒဏ်ကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိတော့မှာလဲ။ သူတို့ရဲ့ လူတွေ ကတော့ နွေးနွေးထွေးထွေး ဖြစ်နေကြတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ ကြိုတင်ပြင်ဆင်ထားကြတဲ့ သဘောပဲ။ ဒီလို အေးစက်မှုတွေ ဖြစ်လာတော့မယ်ဆိုတာကို သူတို့ သိနေကြခဲ့တယ် . . .”

“နောက်ဆုံးကြတော့ အရာအားလုံး ဆုံးရှုံးခဲ့ကြရတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောပေါ့။ ကျွန်မတို့ စစ်သည်တွေ သူတို့ရဲ့ လက်နက်တွေကိုတောင် မကိုင်နိုင်ကြတော့ဘူးလေ။ လက်နက်တွေကို ကိုင်နိုင်တဲ့ လူတွေကြတော့လည်း ပြန်မလွှတ်ချနိုင်ကြတော့ဘူး။ ဘာလို့လဲဆိုတော့ လွှတ်ချလိုက်ရင် သူတို့  လက်က အရေပြားပါ ကွာကုန်ကြလို့။ ကျွန်မတို့ ရန်သူတွေကတော့ ပစ္စည်းအပြည့်အစုံနဲ့ကို ဖြစ်နေကြတာ”

“ကျွန်မတို့တွေ အရာအားလုံးကို သဘောပေါက်သွားလိုက်တဲ့အချိန်မှာပဲ သူတို့တွေ ကျွန်မတို့ကို စတိုက်ခိုက်လိုက်ကြတယ် . . .”

ဝရမ်ချူးချူး မျက်နှာပျက်ယွင်းစွာဖြင့် ပြောလိုက်၏။

“ဒါက ကံကြမ္မာဆိုးပဲ။ ရေခဲတွေ ဟုတ်လား . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now