Chapter (743)"ဆန်းကြယ်လှသော ငတက်ပြား"

187 16 0
                                    

Chapter (743) (စာစဉ် ၅၃- အပိုင်း၁၃)

“ဆန်းကြယ်လှသော ငတက်ပြား”

ရုတ်တရက် ရဲရှောင် အကြံတစ်ခု ရသွား၏။

“ကျွင့်ယင်းလျန်နဲ့ စုယဲ့ယွဲ့တို့သာ ဒီမှာ ရှိကြရင် သူတို့တွေ ကြောင်လေးကို လက်က ချမှာတောင် မဟုတ်တော့ဘူး။ အားဟူကတော့ တကယ်ပဲ မျက်နှာမြင်ရင် ချစ်ခင်ဆိုတဲ့ ပုံစံမျိုးပါလား . . .”

အားဟူမှာလည်း ရဲရှောင်နှင့် စိတ်ချင်း ဆက်သွယ်နေပုံပါပင်။

ရဲရှောင်၏ အတွေးကို သိနေသည့် အလား ပိုမို ကျယ်လောင်သော ဟောက်သံများပင် ထွက်လာပါသည်။
. . .

နောက်တစ်နေ့ နံနက်တွင် စစ်သူကြီးရဲသည် သူ၏ စစ်သည်တော်များကို စုစည်း၍ အစည်းအဝေး တစ်ခု ပြုလုပ်လိုက်၏။

စစ်သူကြီးများ ရောက်လာကြသောအခါ သူတို့ မြင်တွေ့လိုက်ရသော မြင်ကွင်း ကြောင့် အံ့ဩသွားကြသည်။

စစ်သူကြီးရဲမှာ ထိုင်ခုံပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး သူ၏ ဓားကိုမူ မြေပြင်ပေါ်တွင် စိုက်ထား၏။

သူ၏ ရှေ့တွင်လည်း စစ်သူကြီး အသုံးအဆောင်များ ရှိနေပြီး အနေအထားနှင့် အမူအယာဟန်ပန်တို့မှာ တကယ့်ကို ကြီးမြတ်သော စစ်သူကြီးတစ်ပါးအလားပါပင်။

သို့သော် လက်ထဲတွင်မူ နှင်းကဲ့သို့ စွတ်စွတ်ဖြူနေသော ကြောင်ငယ်လေးတစ်ကောင် လဲလျောင်းနေ လျက်ရှိသည်။

ထိုကြောင်လေးမှာ လက်တစ်ဝါးစာခန့်ပင် မရှိဘဲ ယခုမှ မွေးကာစ သာမန် ကြောင်လေး တစ်ကောင်နှင့်ပင် တူနေပါသေးသည်။

ယခုလိုနေရာတွင် ကြောင်ငယ်လေးတစ်ကောင် မည်သို့ ပေါ်လာ သည်ကို အားလုံး နားမလည်နိုင်အောင် ဖြစ်နေကြသည်။

(ဘယ်လိုဖြစ်တာလဲ . . .)

စစ်သူကြီးများအားလုံး အံ့ဩသွားကြ၏။

၎င်းတို့၏ စစ်သူကြီး ဖြစ်သူမှာ ကြောင်ချစ်သူတစ်ဦး ဖြစ်နေမည်ဟု မထင်ထားခဲ့ကြပေ။

သူတို့ မြင်နေရသည့် မြင်ကွင်းကို မယုံကြည်နိုင်အောင် ဖြစ်နေကြ သော်လည်း မည်သူမျှ မေးခွန်းမထုတ်ဝံ့ကြပေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now