Chapter (719)"မိုင်ကိုးထောင် အမဲလိုက်ခြင်း"

177 19 0
                                    

Chapter (719) (စာစဉ် ၅၂ - အပိုင်း၅)

“မိုင်ကိုးထောင် အမဲလိုက်ခြင်း”

ဝရမ်ဂျန်ရင် ကြံစည်နေသည်ကို ရဲရှောင် သဘောပေါက်လိုက်သည့်အချိန်၌ သူ၏ စစ်သည်များကို လေးလံသော ဝတ်ရုံများနှင့် နွေးထွေးစေနိုင်သော အရာအားလုံးကို ပြင်ဆင်ထားရန် ညွှန်ကြားခဲ့သည်။

တစ်ညအတွင်းမှာပင် ရဲရှောင်သည် ရေစည်ကြီးများထဲတွင် ဆေးလုံးများကို ရောစပ်၍ စစ်သည်တော်များ နွေးထွေးစေရန် တိုက်ခဲ့သည်။

တိုက်ပွဲမစတင်မီ၌ လူတိုင်းသည် ထိုရေအနည်းငယ်ကို သောက်ခွင့်ရခဲ့ကြသည်။

မည်သည့်အတွက် သောက်ရသည်ဆိုသည်ကိုမူ မသိကြချေ။

မီးဖြင့် တိုက်ခိုက်လာမည့်အချိန်တွင် ထူထဲနွေးထွေးလှသော အဝတ်အစားများကို ပြင်ဆင်ခိုင်းသည်မှာ သာမန်လူများအဖို့ နားမလည်နိုင်စရာကောင်းသည့် အခြေအနေ တစ်ခုပင်။

မီးလောင်ကျွမ်း ခံရမည့် အခြေအနေတွင် အဘယ့်ကြောင့် ထပ်မံနွေးထွေးရန် လိုအပ်ပါမည်နည်း။

မည်သို့ပင် ဆိုစေကာမူ အနောက်ပိုင်း စစ်သည်တော်များ၌ အရံပစ္စည်းများစွာ ကျန်နေသေးသည်ဟု ဆိုနိုင်ပေသည်။

သံတောင်ကုန်းသည် ချန်နိုင်ငံတော်အတွက် အရေးအကြီးဆုံး အကာကွယ်ကြီးတစ်ခုပင် ဖြစ်သည့်အတွက် ထိုကဲ့သို့သော နေရာမျိုးတွင် အထောက်အပံ့ပစ္စည်းမျိုးစုံ ရှိနေသည်မှာ သေချာပေါက်ပင်။

ထို့အပြင် သူတို့ လိုအပ်နေသည်မှာ လူဦးရေ နှစ်သိန်းအတွက်ပင် မပြည့်ချေ။

ထို့ကြောင့် ပြင်ဆင်သည့်အခါတွင် လိုအပ်သော ပစ္စည်းများကို လူတိုင်းစေ့ ရနိုင်ခဲ့ကြသည်။

သို့သော် စစ်သည်များမှာ ၎င်းတို့ စစ်သူကြီး၏ ညွှန်ကြားချက်ကို နားမလည်နိုင်အောင် ဖြစ်နေကြတုန်းပါပင်။

စစ်သူကြီးရဲ မည်သို့မည်ပုံ အကြံထုတ်မည် ဆိုသည်ကိုလည်း သိချင်နေမိကြသည်။

ရဲရှောင်မှာ သူလုပ်နေသည့် အရာများကို ကောင်းစွာ သိနေပြီး သူလုပ်သည့် အလုပ်မှာ မှန်ကန်သည် ဆိုသည်ကိုလည်း သိနေခဲ့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၃) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now